နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်လံမြို့နယ် ရွာပြင်းကျေးရွာ၌ လျှပ်စစ်ဟင်းအိုး အပူလွန်ကဲရာမှ နေအိမ် ၂၅ လုံး မီးလောင်ဆုံးရှုံး

အောင်လံ ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ရွာပြင်းကျေးရွာ၌ ယနေ့နံနက် ၃ နာရီ ၅ မိနစ်က လျှပ်စစ်ဟင်းအိုးအပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထက်ဇော်မင်း ဦးစီးသောသန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် စုစုပေါင်း ၉၀ တို့က ဒေါင်းဖန်းမီးငြိမ်းသတ်ယာဉ်တစ်စီး၊ CNJ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ ကန်ကြီးနယ်မြေမီးသတ်စခန်းမှဒေါင်းဖန်း မီးငြိမ်းသတ်ယာဉ်တစ်စီး၊ ကန်ကြီးအရန် မီးသတ်စခန်းမှ ဒေါ့ဂျစ်မီးသတ်စက်ယာဉ်တစ်စီး၊ တရော်ကုန်းရပ်ကွက် အရန်မီးသတ်စခန်းမှ ဟီးနိုးမီးသတ်ရေသယ်ယာဉ်တစ်စီး၊ ဇေယျဝတီ အရန်မီးသတ်စခန်းမှ တိုယိုတာမီးသတ်စက်ယာဉ်တစ်စီး၊ စမ်းချောင်းရပ်ကွက်အရန်မီးသတ်စခန်းမှ ဟီးနိုးမီးသတ်ရေသယ်ယာဉ်တစ်စီး၊ စက်ရုံရပ်ကွက်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ သရက်တောရပ်ကွက်အရန်မီးသတ်စခန်းမှ ချက်ပလက်မီးသတ်ရေသယ်ယာဉ်တစ်စီး စုစုပေါင်း ကိုးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီခွဲတွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှု အကြောင်းရင်းမှာလျှပ်စစ်ဟင်းအိုး အပူလွန်ကဲပြီး ဦးထွန်းထွန်းမျိုး၏နေအိမ်မှ စတင် လောင်ကျွမ်းခဲ့ရာ စုစုပေါင်း နေအိမ် ၂၅ လုံး၊ နွားတင်းကုပ်တစ်လုံး၊ နွားတစ်ကောင်တို့ မီးလောင် ဆုံးရှုံးခဲ့သည်။

မီးလောင်မှုနှင့်ပတ်သက်၍ ဦးထွန်းထွန်းမျိုးအား အောင်လံမြို့မရဲစခန်းကအမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဆွေဦး






အခြားဆက်စပ်သတင်းများ