တောင်ငူ ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၌ ငွေကျပ် ၁၀ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၈၉၆၈ သန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၂၄ ရက် နံနက် ၈ နာရီတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ခုနစ်မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် လွိုင်ကော်မှ တောင်ငူသို့ အောင်ကျော်သက်မောင်းနှင်လာသည့် FUSO အမျိုးအစား ခြောက်ဘီးယာဉ်ကို ရှာဖွေရာ ငွေကျပ် ၁၀ ဒသမ ၃၄၅၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၈၉၆၈ သန်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
၎င်းတို့အား စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်မြို့နယ်မှ ကရင်ပြည်နယ် မြဝတီမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ဆွေဦး