နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေစကြိုမြို့နယ်တွင် စန္ဒကူးစိုက်ပျိုးမှုဧကများလာ ဈေးကွက် ကောင်းရန်သာမျှော်လင့်

ရေစကြို     ဧပြီ        ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စန္ဒကူးစိုက်ပျိုးမှုဧကဆယ်ချီစိုက်ပျိုးမှုများလာပြီး                                   ခုတ်ယူရောင်းချချိန်ဈေးနှုန်းကောင်းရရှိရန်သာ မျှော်လင့်နေကြကြောင်း စန္ဒကူးစိုက်ထားသည့် တောင်သူ ဦးမြသင်းထံမှ သိရသည်။

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စန္ဒကူးစိုက်ပျိုးမှုများလာပြီးဒေသခံ များလည်းအလုပ်အကိုင်အခွင့်အလမ်း များပေးလာနိုင်ကြောင်း သံပြာချောင်းကျေးရွာနေ စန္ဒကူးစိုက်ပျိုးတောင်သူဦးမြသင်းက ပြောကြားသည်။ ရေစကြိုမြို့နယ်တွင် စန္ဒကူးစိုက်ပျိုးခြင်းအား ရာသီမရွေးစိုက်ပျိုးလာကြပြီး မြေအောက်ရေတူးဖော်ကာ စန္ဒကူးပင် အခြေရေပိုက်အစက်ချစနစ်ဖြင့် ရေပေးကာရာသီမရွေးစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ စတင်စိုက်ပျိုးရန် နှစ်နှစ်သားစန္ဒကူးပျိုးပင်များကို ဝယ်ယူစိုက်ပျိုးခြင်း၊ ကိုယ်တိုင်ပျိုးထောင် စိုက်ပျိုးခြင်း များဖြင့် စိုက်ပျိုးလာခဲ့ရာ ကိုးပေပတ်လည် ပန္နက်ရိုက်စိုက်ပျိုးကြကြောင်း စန္ဒကူးပင်ပေါက်များ နေဒဏ်၊ လေဒဏ်ခံနိုင်စေရန် ကပ်ပါးပင်အဖြစ် ပဲစင်းငုံပင်များဖြင့် စိုက်ပျိုးခြင်း၊ မဲဇလီပင်များကိုကပ်ပါးပင်အဖြစ် စိုက် ပြီးစန္ဒကူးပင်အားအထောက်အကူဖြစ်စေကြောင်း သိရသည်။ စန္ဒကူးပင်ပေါက်နှစ်နှစ်သားခန့် တစ်ပင်လျှင် တစ် ထောင့်ငါးရာကျပ်ပေးဝယ်စိုက်ပျိုးရပြီး လေးနှစ်သားစန္ဒကူးပျိုးပင်ပေါက်တစ်ပင်လျှင် လေးထောင်ငါးရာကျပ် ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း သိရသည်။ စန္ဒကူးပျိုးပင်ပေါက်များအား ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်ကျေးရွာ၊ ညောင်ကန်ကျေးရွာနှင် မြိုင်မြို့နယ်တို့တွင် ဝယ်ယူရရှိပြီး စိုက်ပျိုးကြကြောင်း သိရသည်။

စန္ဒကူးပင်များရောင်းတန်းဝင်ချိန်သည် ခုနှစ်နှစ်ခန့်မှ ဆယ်နှစ်ခန့်ရှိလျှင် အပင်ရှိအပွေးကိုကြည့်ပြီး အနှစ်ထည့်မထည့်သိရှိရကြောင်း၊ စန္ဒကူးဈေးကွက်သည် ပြင်သစ်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့မှအများဆုံး ဝယ်ယူကြပြီးအနှစ်ပါသည့်ပင်စည် တစ်ပိသာလျှင် တစ်သိန်းခွဲကျပ်မှ နှစ်သိန်းခွဲကျပ်ထိဈေးရှိကြောင်း၊ စန္ဒကူးစိုက်ပျိုးခြင်းသည် ဈေးကွက်ခိုင်မာသည့်စိုက်ပျိုးရေးဖြစ်ကာမြန်မာပြည်အရပ်ရပ်တွင် စန္ဒကူးစိုက်ပျိုးမှုများလာကြောင်း သိရကာ စန္ဒကူးပင်များရောင်းတန်းဝင်ချိန် စန္ဒကူးပွဲစားများစိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်းလည်းသိရပြီး စန္ဒကူးစိုက်ပျိုးမှုဧကဆယ်ချီစိုက်ပျိုးမှုရှိလာကြောင်းလည်း သိရသည်။
ကိုထိန်၊KDP






အခြားဆက်စပ်သတင်းများ