နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ငှက်ပျောများထွက်သလောက်ရောင်းချနေရ

ကျောက်ပန်းတောင်း     ဧပြီ        ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာ များမှ ထွက်ရှိသည့် ငှက်ပျောသီးမျိုးစုံထွက်သလောက်ရောင်းကုန်နေကြောင်း လျှော်တောကျေးရွာ ငှက်ပျော စိုက်တောင်သူဦးညိုမောင်ထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဆင်ဆင်းကျေးရွာ၊ နဂါးလည်၊ လျှော်တော၊ ဆည်၊ ဆည်းမ၊ ဘိုတဲ၊ လွန်အိုင်၊ ကျောက်ခွက်၊ သင်ပေါင်းကျေးရွာများသည် ငှက်ပျောအမျိုးမျိုး စိုက်ပျိုးကြပြီးထွက်ရှိလာသည့် ငှက်ပျောများကိုကျောက်ပန်းတောင်းမြို့၊ မိတ္ထီလာ၊ ညောင်ဦး၊ မြင်းခြံ၊ ငါ့သရောက်၊ ပခုက္ကူ၊ တောင်ဇင်းဗျတ္တပန်းဆက်ဈေးများသို့ သွားရောက်ရောင်းချခြင်း၊ ငှက်ပျောပွဲစားများမှ ခြံအထိ လာရောက်ဝယ်ယူကြခြင်းများကြောင့် စိုက်ပျိုးသည့်ငှက်ပျောများ ထွက်သလောက် ရောင်းချနေရကြောင်း ဆင်ဆင်းကျေးရွာ ငှက်ပျောစိုက်တောင်သူဒေါ်ချိုချိုဝင်းက ရှင်းပြသည်။

ပုပ္ပားတောင်ပတ်ဝန်းကျင် ကျေးရွာများသည် ဖီးကြမ်းငှက်ပျော၊ သီးမွှေးငှက်ပျော၊ ငှက်ပျောချဉ်၊ ရခိုင်ငှက်ပျော၊ ရွှေနီငှက်ပျောတို့အား စိုက်ပျိုးကြပြီး ဖီးကြမ်းငှက်ပျောနှင့်ရခိုင်ငှက်ပျောတို့ကိုအရင်တည်းက စိုက်ပျိုးခဲ့ကြကာ ရွှေနီ၊ သီးမွှေး၊ ငှက်ပျော ချဉ်တို့အား ဈေးကွက်အခြေအနေအရ စိုက်ပျိုးလာခဲ့ကြောင်း၊ ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောနှင့်ရခိုင် ငှက်ပျောများ အဖီးနှင့်သီးလုံးထွားမှုပေါ် မူတည်ကာတစ်ဖီးခြင်းဈေး၊ တစ်ခိုင်လုံးဈေးဖြင့် ရောင်းချကြကြောင်း သိရသည်။ ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများမှ ထွက်ရှိသည့် ငှက်ပျောများကို သဘာဝအတိုင်းစိုက်ပျိုးခြင်း များကြောင့်၊ ဓာတုကင်းလွတ်ငှက်ပျောများဟု လူသိများကာငှက်ပျောထွက်သလောက်ရောင်းချနေရကြောင်းလည်း ငှက်ပျောခြံပိုင်ရှင်များက ရှင်းပြ၍ သိရကာ ငှက်ပျောမျိုးစုံထွက် သလောက်ရောင်းချနေရကြောင်းလည်း သိရသည်။                                          

ကိုထိန်၊ KPD






အခြားဆက်စပ်သတင်းများ