နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သပြေပန်းစိုက်ပျိုးရောင်းချသူများ ဝင်ငွေကောင်းနေ

ရေနံချောင်း    ဧပြီ       ၂၆

နွေရာသီ၌ ဂန္မမာပန်း၊ သစ္စာပန်းစိုက်သူနည်းပါးနေသည့်အပြင် ရက်ရှည်အထားအသိုခံသော သပြေပန်းကို ဝယ်ယူကြသောကြောင့် သပြေပန်းစိုက်သူများတွက်ခြေကိုက်နေကြောင်း မကွေးတိုင်းဒေသကြီးမှ ဒေသခံ အချိူ့ထံက သိရသည်။

ယခုရက်ပိုင်းမှာ ဂန္ဓမာပန်း၊ သစ္စာပန်းတွေအဝင်နည်းလာတယ်။ အဲဒီနေရာမှာသပြေပန်းတွေ ဝင်လာ တယ်။ အာဆီယံ သပြေ၊ ပတ္တမြားသပြေဝင်တယ်။ နွေရာသီကာလမှာ ရက်ရှည်အထားခံတာလည်းပါတယ်။ ဒါကြောင့် ဝယ်ယူသူများတယ်။ သပြေခြံတွေလည်းရေသွင်းစရိတ်ရှိပေမယ့်အရောင်းအဝယ်ရှိတဲ့အတွက် တွက်ခြေကိုက်တယ် ဟု ပန်းစိုက်သူလည်းဖြစ်လက်ကားရောင်းဝယ်သူအမျိူးသားတစ်ဦးက ပြောသည်။
ပန်းဈေးကွက်၌ သပြေပန်းများတွင် ပတ္တမြားသပြေတစ်စည်းလျှင်ငွေကျပ် ၅၀ဝ ကနေ ၇၀ဝ အတွင်း အာဆီယံသပြေတစ် စည်းလျှင်ငွေကျပ် ၃၀ဝ ရှိကြောင်း ပတ္တမြားသပြေမှာ အဝယ်လိုက်ကြောင်း သိရသည်။

ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ