နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထားဝယ်မြို့နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိ

ထားဝယ်     ဧပြီ      ၂၅

တနင်္သာရီဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကြက်စားပြင်ရပ်ကွက်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် အရေးပေါ်မီးဖွားရန်လိုအပ်သဖြင့် ထားဝယ်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ထားဝယ် ပြည်သူ့ဆေးရုံကြီး သို့ ဧပြီ ၂၄ ရက်ကညွှန်းပို့ပေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းကတနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဆေးရုံဆင်းလူနာတစ်ဦးကို ရှမ္မလည်ဆွဲရပ်ကွက်ရှိ နေအိမ်သို့ အသင်းခွဲမှ လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြသည့်အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထားဝယ်မြို့ အနောက်ရပ်မှ နာတာရှည်လူနာတစ်ဦးကိုနေအိမ်မှ ဆေးရုံသို့ လည်းကောင်း၊ ဘုမ္မော်ရပ်မှ သတိလစ်နေသော လူနာတစ်ဦးနှင့် ဇဟာကျေးရွာမှ အစာအဆိပ်သင့် လူနာတစ်ဦးကိုရှေးဦးပြုစုပေးခဲ့ပြီး နေအိမ်မှ ဆေးရုံသို့လည်းကောင်း အသင်းခွဲ ပိုင်လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ထားဝယ်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ကူညီစောင့်ရှောက်ပေးနေသည့် အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

(KKT)






အခြားဆက်စပ်သတင်းများ