နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးလိမ္မာသင်တန်းများ၊ အဘိဓမ္မာသင်တန်းများ၊ ဆရာဖြစ်သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်နိုင်ရေး YMBA ဥက္ကဋ္ဌမှာကြား

ရန်ကုန်    ဧပြီ        ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမရှိ YMBA အစည်းအဝေးခန်းမ၌ ဧပြီ ၂၄ ရက်၊ နံနက် ၁၀ နာရီအချိန်က ယဉ်ကျေးလိမ္မာသင်တန်းများ၊ အဘိဓမ္မာသင်တန်းများ၊ ဆရာဖြစ် သင်တန်းများစဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးနှင့် (၃၈)ဖြာ မင်္ဂလာနှင့် ဗုဒ္ဓဝင်စာမေးပွဲများ ကျင်းပနိုင်ရေးတို့ကို ဦးစားပေးဆောင်ရွက်သွားရန် ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးကြပြီး အစည်းအဝေးကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။    စန္ဒာမိုး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ