နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟားခါးတွင် မီးဘေးသင့်အိမ်ထောင်စုကို ကြက်ခြေနီတပ်ဖွဲ့မှကူညီထောက်ပံ့ပေးခဲ့

ဟားခါး ဧပြီ  ၂၅

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံးမီးဘေးသင့်ခဲ့ ရသဖြင့် ချင်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူးဦးကျုံဟူးနှင့် ကြက်ခြေနီစေတနာ လုပ်အားရှင်များက ဧပြီ ၂၄ ရက်က သွားရောက်ကာ မီးဘေးသင့်အိမ်ထောင်စုကိုမိသားစုသုံးပစ္စည်း (၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံတို့ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီးစိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ချင်းပြည်နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ပြည်နယ်အတွင်းနေထိုင်ကြသည့် မိဘပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ရှေးဦးပြုစုနည်းဖြင့် လည်းကောင်း ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လိုအပ်ပါက ဆေးရုံ/ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း ဖြင့်လည်း ကူညီဆောင်ရွက်ပေးသည့်အပြင် ပြည်သူများမီးဘေးသင့်အခြေအနေမျိုးဖြင့်လည်း ကြုံတွေ့လာပါက တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့မှုများပြုလုပ်ပေးလျက်ရှိသည့် စေတနာလုပ်အားရှင်အဖွဲ့ တစ်ဖွဲ့လည်း ဖြစ်သည်။        
                            (KKT)






အခြားဆက်စပ်သတင်းများ