နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံဝန်ထမ်း(ငြိမ်း)သက်ရွယ်ကြီးသူများ ပြည်သူများကို ကြက်ခြေနီက လူမှုကရုဏာအကူအညီပေး

ရန်ကုန်   ဧပြီ        ၂၅

ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လစဉ်ပင်စင်လစာပေးသောရက်များတွင် ပင်စင်လစာ လာထုတ်သော နိုင်ငံဝန်ထမ်း(ငြိမ်း)သက်ရွယ်ကြီးသူများနှင့်ပြည်သူများကို လူမှုကရုဏာအကူအညီများ ဆောင်ရွက်ပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့်တာမွေမြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပင်စင်လာရောက်ထုတ်ယူကြသည့် အသက်အရွယ်ကြီးသူများ လမ်းလျောက်ရာတွင် ဖေးမကူညီ‌ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု‌ပေးခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း၊ သောက်ရေသန့်နှင့် မုန့်များပေးဝေခြင်းတို့ကို ဧပြီ ၂၃ ရက်ကလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် တာမွေမြို့နယ်ရှိကြက်ခြေနီတပ်ဖွဲ့ဝင်များသည် မိဘပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကိုရှေးဦးပြုစုနည်းဖြင့်လည်းကောင်းကူညီဆောင်ရွက်ပေးလျက်ရှိကြပြီး ပင်စင် လစာလာရောက်ထုတ်ယူကြရာတွင်လည်း အဆင်ပြေချောမွေ့မှုများရှိစေရန်အတွက် တတ်စွမ်းသည့်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။                        

(KKT)






အခြားဆက်စပ်သတင်းများ