နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်သူများကိုဗစ်ကူးစက်ရောဂါဆိုင်ရာ လိုက်နာရမည့်အချက်များကိုထုတ်ပြန်ကြေညာထား

ရန်ကုန်    ဧပြီ      ၂၅

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဧပြီ ၂၃ ရက် ည ၈ နာရီမှ ဧပြီ ၂၄ ရက် ည ၈ နာရီအတွင်းဓာတ်ခွဲနမူနာစုစုပေါင်း(၁,၀၅၇) ခုကို စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၈) ဦးကိုထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယနေ့အထိဓာတ်ခွဲနမူနာစုစုပေါင်း (၂,၅၆၆,၀၆၄) ခုကိုစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း(၁၄၂,၇၁၂) ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ဧပြီ ၂၄ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၅) ဦးရှိသောကြောင့် ဧပြီ ၂၄ ရက်အထိစုစုပေါင်း (၁၃၁,၉၃၀) ဦးဆေးရုံမှ ဆင်းခွင့် ရရှိခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် နေအိမ် ပြင်ပသို့ သွားရောက်ရန်လိုအပ်ပါက နှာခေါင်းစည်း(Mask)ကိုစနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်းတို့ဖြင့် ရောဂါကူးစက်မှုသက်သာစေရေး အတွက် အထူးဂရုပြုပူးပေါင်းဆောင်ရွက်ပေးကြရန်ပြည်သူများကိုကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားပြီးဖြစ်သည်။       
                  (WP)






အခြားဆက်စပ်သတင်းများ