နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MAI မှ ရန်ကုန် (RGN) - ဘန်ကောက် (BKK) သက်သာရေးလေယာဉ်ခရီးစဉ် မေလတွင် တိုးချဲ့မည်

ရန်ကုန်      ဧပြီ        ၂၅

အပြည်ပြည်ဆိုင်ရာချိတ်ဆက်မှုသေချာစေရန် MAI က ရန်ကုန် (RGN) - ဘန်ကောက် (BKK) ခရီးစဉ်ကို မေလထဲတွင် စနေနေ့တိုင်းကယ်ဆယ်ရေးလေယာဉ်လက်မှတ်များ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးသည်များအနေဖြင့် အသွားအလာကန့်သတ်ထားရှိရန်နှင့် သက်ဆိုင်ရာအာဏာပိုင်များက သတ်မှတ်ထားသည့် Quarantine စည်းကမ်းများကိုလိုက်နာရန် လိုအပ်သည်။

MAI လေကြောင်းလိုင်းမှ ရွေးချယ်ထားသည့် Passenger Sales Agents (PSAs) အပါအဝင် ချန်နယ်အားလုံးမှ လက်မှတ်ကိုကြိုတင်စာရင်းသွင်းခြင်းဖြင့်လည်းကောင်း ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ လေကြောင်းလိုင်းခရီးစဉ်နှင့် ပတ်သက်သည်များကို သိရှိလိုသူများအနေဖြင့် ယခုဖော်ပြပါဝက်ဘ်ဆိုက်ကိုwww.maiair.com ဒေါင်းလုဒ် ပြုလုပ်ခြင်း(သို့မဟုတ်)မိုဘိုင်းအက်ပ်များဖြစ်သည့် Android အသုံးပြုသူများအတွက် ဖော်ပြပါ လင့်ခ် https://play.google.com/store/apps/details... မှ လည်းကောင်း၊ iOS အသုံးပြုသူများအတွက် ဖော်ပြပါ လင့်ခ် https://apps.apple.com/sg/app/air-kbz-mai/id1463916652 မှလည်းကောင်း ဝင်ရောက် ကြည့်ရှု နိုင်ပြီဖြစ်သကဲ့သို့ ယခုဖော်ပြပါ ဖုန်းနံပါတ် (951) 0007 967သို့လည်းဆက်သွယ်စုံစမ်းနိုင်ပြီဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ