နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Rock’Em Sock’Em ရုပ်ရှင်ဇာတ်ကားတွင် မင်းသားဗင်ဒီဆယ် ပါဝင်သရုပ်ဆောင်မည်

ဧပြီ      ၂၅

ယူနီဗာဆယ်ရုပ်ရှင်ကုမ္ပဏီနှင့် မက်တဲရုပ်ရှင်ကုမ္ပဏီတို့၏ Rock’EmSock’Em အမည်ရှိ အက်ရှင် ဇာတ်ကားသစ်၌ ကမ္ဘာကျော်အက်ရှင်မင်းသားဗင်ဒီဆယ် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မင်းသားဗင်ဒီဆယ်သည် ဂန္ထဝင် လက်ဝှေ့ဂိမ်းတစ်ခုကိုအခြေခံရိုက်ကူးမည့် Rock’EmSock’Em ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်မည့်အပြင် ထုတ်လုပ်သူအဖြစ်လည်းတာဝန်ယူမည်ဖြစ်သည်။
မက်တဲရုပ်ရှင်ကုမ္ပဏီနှင့် ယူနီဗာဆယ်ရုပ်ရှင်ကုမ္ပဏီတို့ဖြင့် လက်တွဲ၍ Rock’EmSock’Em ဇာတ်ကားကို ရုပ်ရှင်ဇာတ်ကားအဖြစ်အသက်သွင်းခွင့်ရသည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်ပျော်ရွှင်မိကြောင်း ဗင်ဒီဆယ် က ပြောကြားထားသည်။

အဆိုပါ ဇာတ်ကားအတွက် ဇာတ်ညွှန်းကို Rampage ဇာတ်ညွှန်းရေးဆရာရိုင်ယန်အင်ဂယ်ကတာဝန်ယူရေးသားပေးမည်ဖြစ်ပြီး အဆိုပါဇာတ်ကားကိုတာဝန်ယူရိုက်ကူးမည့် ဒါရိုက်တာကိုယူနီဗာဆယ်နှင့် မက်တဲ ရုပ်ရှင်ကုမ္ပဏီတို့က ကြေညာခြင်းမရှိသေးကြောင်း သိရသည်။                           (သူရိန်)






အခြားဆက်စပ်သတင်းများ