နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ဖြူမြို့နယ်ရှိ မြို့မ-ယာယီပျိုးဥယျာဉ်တွင် လာမည့်မိုးရာသီ၌ ပြည်သူများသို့ ဖြန့်ဝေနိုင်ရေးအတွက် ပျိုးပင်ပေါင်း ၂ သောင်းခန့် ပျိုးထောင်ထား

ကျောက်ဖြူ    ဧပြီ      ၂၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပစေရေးအတွက် လာမည့်မိုးရာသီ၌ ပြည်သူများသို့ ဖြန့်ဝေပေးနိုင်စေရန် ပျိုးပင်ပေါင်း ၂ သောင်းခန့် ကို စနစ်တကျ ပျိုးထောင်ထားရှိကြောင်း ကျောက်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျောက်ဖြူမြို့နယ်အတွင်းရှိ သစ်တောဦးစီးဌာန၏ မြို့မ-ယာယီပျိုးဥယျာဉ်တွင် ယခု ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ပျိုးပင်ပေါင်း ၂ သောင်းခန့်ကို ပျိုးထောင်ထားခြင်းဖြစ်ပြီး လာမည့်မိုးရာသီတွင် ဒေသခံ ပြည်သူများသို့ ဖြန့်ဝေကာ စိုက်ပျိုးသွားရန် စီစဉ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာများတွင် စိမ်းလန်းစိုပြေစေရန်၊ ရာသီဥတု မျှတမှုရှိစေရန်၊ ပူပြင်း ခြောက်သွေ့မှုမှ ကင်းဝေးစေရန်၊ မြေဆီလွှာ တိုက်စားမှုများမှ ကာကွယ်နိုင်စေရန်စသည့် ရည်ရွယ်ချက်များ ဖြင့် အဆိုပါပျိုးပင်များအား ဖြန့်ဝေကာ လိုအပ်သော နေရာဒေသများတွင် စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကလည်း မိုးရာသီကာလတွင် ပျိုးပင်ပေါင်း ၂ သောင်းကျော်ကို ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ သစ်ပင်စိုက်ပွဲတော်များနှင့် ကျေးရွာချင်းဆက်လမ်းများတွင် စိုက်ပျိုးရန် သက်ဆိုင်ရာမှ စနစ်တကျစီစဉ်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။                        

 (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ