နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရှိလေဘေးသင့်ပြည်သူများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေများပေးအပ်

ပွင့်ဖြူ      ဧပြီ       ၂၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊                             တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးအောင်ချိန်နှင့် ခရိုင်၊ မြို့နယ်အဆင့်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍  ဧပြီ ၂၄ ရက်၊ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် လေဘေးသင့်ပြည်သူများ၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီးဘိုးဘွားများထံထောက်ပံ့ငွေများပေးအပ်ခဲ့               ကြောင်း သိရသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနပြည်ထောင်စု ဝန်ကြီးဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်က နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်းနေအရွယ်ကလေးများတက်ရောက်ပညာသင်ကြားရေးနှင့်မူကြိုအရွယ်ကျောင်းနေကလေးများ ပညာသင်ကြားနိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ပွင့်ဖြူမြို့နယ်အတွင်းရှိထောက်ပံ့ကြေးငွေမရရှိသေးသည့် မသန်စွမ်းသူ (၄၇၉) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၄၁) သိန်း၊ ဘိုးဘွားရိပ်သာ(၈)ခုနှင့် ပရဟိတဂေဟာ(၁)ခုတို့အတွက် ထောက်ပံ့ငွေကျပ် ၁၀၇၀၄၀၀၀၀ တို့ကို ပေးအပ်ရာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်က အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အို ၂၅၃၇၅ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေ ၇၆၁၂၅၀၀၀၀ အားထောက်ပံ့ပေးအပ်ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်(၂) ဦးအောင်ချိန်က လက်ခံရယူခဲ့သည်။

ထို့နောက် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ မကွေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးဝင်းရွှေက ပွင့်ဖြူမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စု ၅၁၉ စုအတွက် ထောက်ပံ့ငွေကျပ် ၂၈၁၄၁၂၀၀နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးတို့အားထောက်ပံ့ ပေးအပ်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးအောင်ချိန်က မကွေးတိုင်းဒေသကြီးအတွင်းရှိ လေဘေးသင့်ပြည်သူများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မသန်စွမ်းသူများနှင့် သက်ကြီးဘိုးဘွားများထံထောက်ပံ့ငွေများပေးအပ်မှုအပေါ် ကျေးဇူးတင်စကား ပြောကြားကာအခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ်ရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကာစေတီတော် ဂေါပကအဖွဲ့ထံအလှူငွေများလှူဒါန်းခဲ့ကြောင်း သိရသည်။            
     
 ရဲဝင်းနိုင်(ညောင်ဦး)






အခြားဆက်စပ်သတင်းများ