နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သောက်သုံးရေအခက်ကြုံတွေ့နေသည့် ကျေးလက်နေပြည်သူများအားသောက်သုံးရေများ သွားရောက်လှူဒါန်း

ညောင်ဦး        ဧပြီ       ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု၊ အောက်ယာတဲတိုက်နှင့် ကွမ်းဖလား တဲတိုက်တို့တွင် ဒေသခံကျေးလက်နေပြည်သူများသောက်သုံးရေအခက်ကြုံတွေ့နေကြောင်းသိရ၍ ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာနေ ဦးဝင်းမင်းထွန်းဦးဆောင်သော ပရဟိတရေလှူအဖွဲ့က ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများသွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်စု၊ အောက်ယာတဲတိုက်တွင် အိမ်ခြေ ၂၂ အိမ်၊ လူဦးရေ ၁၀၀ ကျော်ခန့်နှင့်ကွမ်းဖလားတဲတိုက်တွင် အိမ်ခြေ ၃၆ အိမ်၊ လူဦးရေ ၁၈၀ ခန့်နေထိုင်လျက်ရှိကာ ဒေသခံကျေးလက်နေပြည်သူများမှာ မိုးရွာသွန်းမှုအားနည်းခဲ့သဖြင့် ကျေးရွာများရှိ မြေသားမိုးရေလှောင် ကန်များတွင် ဆောလျင်စွာရေခန်းခြောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် ယခုပွင့်လင်းရာသီချိန်တွင် လူနှင့် တိရစ္ဆာန်များအတွက် ရေမလုံလောက်သဖြင့် သောက်သုံးရေရှားပါးမှုများရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။ ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာနေဦးဝင်းမင်းထွန်းဦးဆောင်သော ပရဟိတရေလှူအဖွဲ့က ရန်ကုန်မြို့မှ သောက်သုံးရေ အလှူရှင် ဝေမျှခြင်းပရဟိတလူမှုကွန်ယက်အဖွဲ့က လှူဒါန်းသည့် သောက်သုံးရေဂါလန် ၂၄၀၀ အားအောက် ယာတဲတိုက်ရှိဒေသခံပြည်သူများအတွက် ရေဂါလန် ၁၂၀၀၊ ကွမ်းဖလားတဲတိုက်ရှိဒေသခံပြည်သူများအတွက် ရေဂါလန် ၁၂၀၀  ဒေသခံပြည်သူများသောက်သုံးရေဖူလုံစေရန် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်းသိရသည်။                      

ရဲဝင်းနိုင်(ညောင်ဦး)






အခြားဆက်စပ်သတင်းများ