နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြိုင်ဘက်ပြောင်းလဲသွားခဲ့ပေမယ့် စင်ကာပူမြေမှာရှုံးကြွေးဆပ်ပြီး ချန်ပီယံခါးပတ်ကြီး ပြန်ယူလာမယ့် မြန်မာစပါးအုံး

ဧပြီ ၂၅

One Championship lightheavy weight ချန်ပီယံခါးပတ်လုပွဲကို လာမယ့် ဧပြီလ ၂၈ ရက်နေ့ စင်ကာပူနိုင်ငံမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ အောင်လအန်ဆန်အနေနဲ့ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က နောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က နယ်သာလန်နိုင်ငံသား ရွိုင်နာဒီရိုက်ဒါကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။  အောင်လအန်ဆန်အနေနဲ့ လက်လွှတ်ခဲ့ရတဲ့ ချန်ပီယံခါးပတ်ကို တစ်ကျော့ပြန်လည်ရယူ ဖို့ ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မူလက အောင်လအန်ဆန်ဟာ မဟာပြိုင်ဘက်ကြီး ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်နဲ့ ထိုးသတ်ဖို့စီစဉ် ထားခဲ့တာဖြစ်ပြီး အဲ့ဒီပွဲအနိုင်ရတဲ့သူက ဒီရိုက်ဒါနဲ့ထိုးသတ်ရမှာဖြစ်ပါတယ်။ သို့ပေမယ့်လဲ ရုရှားသားအနေနဲ့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရတာကြောင့် ဒီပွဲစဉ်ကိုထိုးသတ်နိုင်ဖို့မရှိတာကြောင့် အောင်လအန်ဆန်အနေ နဲ့ ဒီရိုက်ဒါနဲ့ မကျေပွဲပြန်လည်ဆင်နွှဲရမှာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ အောင်လအန်ဆန်အနေနဲ့ ကိုဗစ်ရောဂါ ပြန်လည်သက်သာခါစ ဖြစ်တာကြောင့် အားပြည့်အင်ပြည့်ဖြစ်ဖို့ ရုန်းကန်ခဲ့ရပြီး နယ်သာလန်သားရဲ့ ချုပ်ကွက်အောက်မှာ ပထမအချီမှာတင် အရှုံးပေးခဲ့ရပါတယ်။ အဲ့ဒီပွဲစဉ်ပြီးကတည်းက အပြင်းအထန် ကြိုးစားလေ့ကျင့်နေခဲ့တဲ့ အောင်လအန်ဆန်ဟာ ဒီတစ်ကြိမ်မှာတော့ သူလက်လွှတ်ခဲ့ရတဲ့ချန်ပီယံခါးပတ်ကို ပြန်လည်ရယူဖို့အသင့်ဖြစ်နေလောက်ပြီ ထင်ပါတယ်။ အောင်လအန်ဆန်က နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စိတ်သောကရောက်နေရတဲ့ ပရိသတ်တွေအတွက် ချန်ပီယံခါးပတ်ကြီးယူဆောင်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။                                                                  
   
(SO)






အခြားဆက်စပ်သတင်းများ