နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေစီမီလန်နဲ့အတူ စီးရီးအေမှာ နောက်တစ်ရာသီဆက်ခြေစွမ်းပြနေဦးမယ့် အီဘရာဟီမိုဗစ်

ဧပြီ ၂၅

ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းနဲ့တစ်နှစ်သက်တမ်းရှိတဲ့စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ ဒီစာချုပ်မှာ မိုဗစ်ကတစ်နှစ်လုပ်ခ ယူရို ၆ သန်းရရှိမှာဖြစ်ပြီး အပိုဆုကြေး ယူရို ၁ သန်းပါဝင် ချုပ်ဆိုခဲ့တာကြောင့် အသက် ၄၀ နားကပ်တဲ့အထိ ဆက်လက်ကစားသွားတော့မှာဖြစ်ပါတယ်။ လက်ရှိရာသီမှာ အေစီအတွက်အကောင်းဆုံးခြေစွမ်းပြသနေပြီး အဓိကတိုက်စစ်မှူးအဖြစ်ရပ်တည်နေခဲ့တဲ့ မိုဗစ်ရဲ့အနာဂတ်ဟာ မသေမချာဖြစ်နေခဲ့ပြီးမှစာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီဝက်ကာလမှာ ခြောက်လစာချုပ်နဲ့အေစီ ကိုရောက်ရှိလာပြီး လိဂ်ပွဲ ၁၈ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့လို့ အေစီက သူ့ကိုဒီရာသီအတွက် ထပ်မံစာချုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရာသီမှာလည်း ထပ်မံခြေစွမ်းပြခဲ့ပြီး လိဂ်ဂိုး ၁၅ ဂိုးအထိရရှိခဲ့လို့ နောက်ထပ်တစ်နှစ် အေစီမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။ “ဇလာတန်အီဘရာဟီမိုဗစ်ကို စာချုပ်သက်တမ်းတိုးမြှင့်လိုက်ပြီလို့ ကျွန်တော်တို့ ကြေညာချင်ပါတယ်၊ အေစီမီလန်က အီတလီမှာ ဇလာတန်အချိန်အကြာဆုံးကစားခဲ့တဲ့အသင်းပါ။ စုစုပေါင်းပွဲ ၁၃၀ အထိ သူကစားပေးခဲ့ပြီး ၈၄ ဂိုးသွင်းယူပေးခဲ့ပါတယ်၊ ဆွီဒင်တိုက်စစ်မှူးအနေနဲ့ အေစီမီလန်ရဲ့အနီနဲ့အနက်ဂျာစီကို နောက်ရာသီမှာလည်း ဝတ်ဆင်ပါလိမ့်မယ်”လို့ အေစီမီလန်အသင်းကသတင်းထုတ်ပြန်သွားခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဇလာတန်ဟာ ဒဏ်ရာပြဿနာတွေရှိနေတဲ့ကြားက အေစီအတွက် လိဂ်ပွဲ ၁၇ ပွဲမှာ ၁၅ ဂိုးအထိ သွင်းယူခဲ့ပြီး ၅ ကြိမ်ထက်မနည်း ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ကစားသမားတစ်ဦးရဲ့ အကောင်းဆုံး အသက်အရွယ်ကို ကျော်လွန်နေခဲ့ပြီဖြစ်ပေမယ့်လည်း ဒီရာသီမှာအေစီမီလန်ကို အဆင့် ၂ နေရာမှာ ရပ်တည်နိုင်စေခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နေရာကိုရယူပေးနိုင်ဖို့ မိုဗစ်က ကြိုးစားပေး     နေတာဖြစ်ပါတယ်။                                                                                                                          (SO)






အခြားဆက်စပ်သတင်းများ