နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စီရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိဟု ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပြော

ဧပြီ ၂၅

ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ဂျူဗင်တပ်အသင်း တိုက်စစ်မှူး စီရော်နယ်ဒိုကို ပြန်လည် ခေါ်ယူရန် အစီအစဉ်မရှိဟု ပြောကြားခဲ့ကြောင်း သိရသည်။ စီရော်နယ်ဒိုသည် လက်ရှိဘောလုံးရာသီကုန်တွင် ဂျူဗင်တပ်အသင်းမှ ထွက်ခွာရန် သတင်းများထွက်ပေါ်နေပြီး အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြန်ရန် သတင်းများထွက်ပေါ်နေသကဲ့သို့ နည်းပြ ဇီဒန်းကလည်း ယင်းကို ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ပြောကြားထားသည်။

ရီးရဲလ်မက်ဒရစ်အသင်းသည် စီရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန် သတင်းများ ထွက်ပေါ်လျက်ရှိပြီး ပီအက်စ်ဂျီအသင်း တိုက်စစ်မှူး အမ်ဘတ်ပီကိုလည်း ခေါ်ယူရန် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အသင်း ဥက္ကဋ္ဌ ပီရက်ဇ်က စီရော်နယ်ဒိုကို ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိသကဲ့သို့ အမ်ဘတ်ပီကိုလည်းခေါ်ယူရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်ကတော့ စီရော်နယ်ဒိုကို ချစ်ပါတယ်။ သူဟာ ကျွန်တော်တို့အသင်းအတွက် အများကြီး ပေးဆပ်ခဲ့ ပါတယ်။ စီရော်နယ်ဒိုဟာ အသင်းကို ပြန်လာမှာမဟုတ်ပါဘူး။ သူဟာ ဂျူဗင်တပ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းရှိနေပါသေးတယ်”ဟု ရီးရဲလ်မက်ဒရစ်အသင်း ဥက္ကဋ္ဌ ပီရက်ဇ်က ပြောကြားခဲ့သည်။

“အသင်းပရိသတ်တွေကတော့ အမ်ဘတ်ပီကို ခေါ်ယူပေးဖို့ အမြဲတမ်းတောင်းဆိုမှုတွေ ပြုလုပ်နေပါတယ်။ အမ်ဘတ်ပီဟာ ကစားသမားကောင်း တစ်ယောက်ပါ။ ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး ကျွန်တော် တစ်ကြိမ်တစ်ခါမှ မဆွေးနွေးဖူးပါဘူး။ သူနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က ဘာမှမသိရသေးပါဘူး။ ဒါကြောင့် သူ့ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ဘက်က ဘာမှ မှတ်ချက်ပြုလို့မရသေး ပါဘူး”ဟု ယင်းက ဆက်ပြောသည်။                                                                                          (သူရိန်)






အခြားဆက်စပ်သတင်းများ