နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဲဗာတန်အသင်းကိုရှုံးခဲ့တဲ့ပွဲက VAR ကို အကြီးအကျယ်ဒေါသပေါက်ကွဲခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာ

ဧပြီ ၂၅

အာဆင်နယ်အသင်းနည်းပြ မီခေးလ်အာတီတာက အဲဗာတန်အသင်းကို ၁ ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းရဲ့ရလဒ် ပြောင်းလဲသွားစေမယ့်ပင်နယ်တီငြင်းပယ်ခံခဲ့ရမှုအပေါ် VAR ကို’တော်လောက်ပြီ’လို့ ပြောခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်တို့ဟာ ဒုတိယပိုင်းမှာ ဆီဘယ်လော့စ်ကိုရစ်ချာလီဆန်ကစားပုံကြမ်းခဲ့တဲ့အတွက် ကနဦးမှာ ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် VAR ကြည့်ပြီးတဲ့နောက်မှာ နီကိုလပ်စ်ပေပေလူကျွံနေခဲ့တယ်ဆိုပြီး ပင်နယ်တီကို ပယ်ဖျက်ခဲ့ပြီးနောက် ပွဲချိန် ၇၆ မိနစ်မှာ ဂိုးသမားလေနိုရဲ့ owngoal နဲ့အရေးနိမ့်ခဲ့ တာဖြစ်ပါတယ်။ ပွဲအပြီးမှာ အာတီတာက “ဒါကြီးက တစ်နေ့တခြားပိုဆိုးလာပါတယ်။ တော်သင့်ပါပြီ။ ဒီနေ့တကယ်ကို တော်သင့်ပါပြီ။ ကျွန်တော်တို့အကြိမ်ပေါင်းများစွာခံခဲ့ရပေမယ့် ဘယ်သူမှမရှင်းပြနိုင်ပါဘူး။ ဒီဆုံးဖြတ်ချက်က လူတော်တော် များများအပေါ် အကျိုးသက်ရောက်ပါတယ်။ ကျွန်တော်တို့ရဲ့ အလုပ်တွေ၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အသင်းကိုပါ။ ကွင်းတွင်းစွမ်းဆောင်ရည်အရ ကျွန်တော်တို့ကပိုကောင်းခဲ့ပြီးပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခွင့်အရေးတွေ လဲရခဲ့ပါတယ်။

ကျွန်တော်တို့ခွင့်ပြုမခံခဲ့ရတဲ့အရှင်းသားပင်နယ်တီလဲရခဲ့ပြီး owngoal လဲခွင့်ပြုပေးခဲ့ရပါတယ်၊ ပင်နယ်တီကတကယ်ကိုအရှင်းကြီးပါ။ ဆုံးဖြတ်ချက်လဲချထားပေးပြီးသားပါ။ ဘယ်သူကမှ ကျွန်တော့်ကိုလာမရှင်းပြပါဘူး။ ၂ ပတ်အတွင်းမှာ ၂ ကြိမ်မြောက်ပါပဲ၊ အခါ ၂၀ ကြည့်ပြီးတာတောင် နားမလည်နိုင်ပါဘူး။ အမှားတွေက ဘောလုံးလောကရဲ့အစိတ်အပိုင်းပါ။ နောက်ဆုံးမှာပွဲကို အဆုံးသတ်သွားစေခဲ့တဲ့ owngoal ကိုခွင့်ပြုပေးခဲ့ရပါတယ်၊

ကျွန်တော်တို့အနေနဲ့အစုအဖွဲ့ကောင်းတဲ့အသင်း တစ်အသင်းနဲ့ပွဲမှာ အနိုင်ရလောက်တဲ့ အခွင့်အရေးမျိုးမဖန်တီးနိုင်ခဲ့ပါဘူး။ finalthirdမှာ အဆုံးသတ်နိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ်။ ကျွန်တော် တို့အနေနဲ့ ဒီစိတ်ပျက်မှုတွေကို စွမ်းအင်အဖြစ်ပြန်အသုံးချရမှာပါ။ ဆီမီးဖိုင်နယ်က ပိုအရေးကြီးပါတယ်။ ကျွန်တော်ဆင်ခြေတွေထပ် မကြားချင်ပါဘူး’လို့ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေ နဲ့ လာမယ့် ဧပြီလ ၃၀ ရက်နေ့မှာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဗီလာရီးရဲအသင်းနဲ့      ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။                                                                                                 (SO)






အခြားဆက်စပ်သတင်းများ