နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသင်းခံစစ်ပိုင်းပြင်ဆင်ဖို့ လိုက်ဇစ်နောက်ခံလူကို ပေါင် ၃၅ သန်းနဲ့ သဘောတူညီမှုရခဲ့တဲ့ လီဗာပူးလ်

ဧပြီ ၂၅

လီဗာပူးလ်အသင်းဟာသဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ လိုက်ဇစ်နောက်ခံလူ ကိုနာတီကိုခေါ်ယူပြီး ငါးနှစ် စာချုပ်ချုပ် ဆိုသွားမယ်လို့ Guardian သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ ပြင်သစ်နောက်ခံလူဟာ ရာသီမကုန်ခင်မှာဘဲ ပရီးမီးယားလိဂ်အသင်းကြီးဆီကိုပြောင်းရွှေ့ပြီး လာမယ့်ရာသီကို အန်ဖီးလ်မှာ ကစားရတော့မှာပဲဖြစ်ပါတယ်။
ဒီရာသီမှာကိုနာတီကလိုက်ဇစ်အတွက် အထူးခြေစွမ်းပြနေပြီး အသက် ၂၁ နှစ် အရွယ်နောက်ခံလူက ပြင်သစ်နဲ့အတူ ယူရိုပြိုင်ပွဲကိုပါဝင်ခွင့်ရဖို့ပါမျှော်လင့်နေပါတယ်။
ကလော့ပ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း နောက်ခံလူတွေဖြစ်တဲ့ ဘန်ဒေးဗီးစ်နဲ့အိုဇန်ကာဘက်ခ်တို့ကိုခေါ်ယူခဲ့ပြီးပေမယ့် အသင်းခံစစ်ပိုင်း အထူးပြင်ဆင်ချင်လို့ ကိုနာတီကိုထပ်မံပြီးခေါ်ယူခဲ့တာလို့ ယူဆရပါတယ်။ ကိုနာတီအတွက်လီဗာပူးလ်က ယူရို ၃၅ သန်းအထိပေးချေသွားရမယ်လို့ သိရပါတယ်။ လီဗာပူးလ်အနေနဲ့ ရှော်လ်ကေးကနေအငှားနဲ့ခေါ်ယူခဲ့တဲ့ ကာဘက်ခ်ဟာခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာ ကြောင့် သူတို့အနေနဲ့ခေါ်ယူဖို့မဖြစ်နိုင်ဘဲ ကိုနာတီကို ဦးစားပေးကာခေါ်ယူခဲ့တာဖြစ်မယ်လို့လည်း ခန့်မှန်း ရပါတယ်။

၂၀၁၈ ခုနှစ်ကလည်း လီဗာပူးလ်ဟာလိုက်ဇစ်ကွင်းလယ်လူနဘီလ်ကီတာကို ပေါင် ၅၂ သန်းကျော်နဲ့ ခေါ်ယူခဲ့ပြီး ကီတာကတော့ခြေစွမ်းပြနိုင်ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ထင်မှတ်သလောက် အားကိုးရခြင်းမရှိဘဲ ဒဏ်ရာပျောက်ဖို့သာ ရုန်းကန်နေခဲ့ရပါတယ်။                                                                                  (SO)






အခြားဆက်စပ်သတင်းများ