နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရသော ပြည်တွင်းရှိ အခြေခံပညာကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်မှ၍ ပြန်လည်ဖွင့်လှစ်မည်

ရန်ကုန်၊ ဧပြီ ၂၅

COVID-19 ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရသော ပြည်တွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရသည်။

ထိုသို့ အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်သောအခါ COVID-19 ရောဂါကို လက်တွေ့ကျကျ ကာကွယ်နိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး ဆွေးနွေး ညှိနှိုင်းကာ ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံအတွင်း COVID-19 ပထမလှိုင်းအပြီး အခြေခံပညာအထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၂ ရက်မှ စတင်ကာ အခြေခံပညာအထက်တန်းအဆင့် စာသင်ကျောင်းပေါင်း ၆၅၀ဝ ကျော်ကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ၎င်းနောက် COVID-19 ဒုတိယလှိုင်း စတင်ဖြစ်ပွားလာမှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၂၇ ရက်မှစ၍ ကျောင်းများ ပြန်လည်ပိတ်ခဲ့ရသည်။

ယခုအခါ ပြည်တွင်း၌ COVID-19 ရောဂါကူးစက်မှုများ လျော့နည်းလာခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ဆရာမများအပါအဝင် ပညာရေးဝန်ထမ်းများ COVID-19 ရောဂါအန္တရာယ်ကင်းရှင်းစွာ ဖြင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းများပြန်လည်ဖွင့်လှစ်သောအခါ COVID-19 ရောဂါကို လက်တွေ့ကျကျ ကာကွယ်နိုင်စေရန် နှင့် စာသင်ကျောင်းများမှတစ်ဆင့် ရောဂါကူးစက်ပြန့်ပွားမှုများ မရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး ဆွေးနွေးညှိနှိုင်းကာ လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။       
               
(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ