နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေစီးရေလာလုပ်ငန်း၊ လမ်းလုပ်ငန်းနှင့် အငှားအိမ်ရာစီမံကိန်းများ စနစ်တကျကြိုးပမ်းလုပ်ဆောင်

ရန်ကုန်၊ ဧပြီ ၂၅
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးအတွက် လမ်းများနှင့် ရေစီးရေလာကောင်းမွန်စေရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဧပြီ ၂၄ ရက်က ဗိုလ်တထောင်မြို့နယ်၊ မြန်မာ့မီးရထားရုံးချုပ် ရုံးဟောင်းမြေနေရာရှေ့ ကုန်သည်လမ်းရေမြောင်းမှ အမှိုက်နှင့် နှုန်းချေးများ ဆယ်ယူ ရှင်းလင်းနေမှုနှင့် မြေအောက်ရေမြောင်းမှ ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက် ရေစီးဆင်းမှု၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ မြို့နယ်ဧရာဝဏ်လမ်းမကြီး ကွမ်းအပ်မင်းသားလမ်းနှင့် မင်းရဲကောင်းပုံလမ်းအကြား အရှည် ၄၇၄ ပေ အကျယ် ၂၅ ပေ လမ်းပိုင်းအကျယ် ၂၅ ပေ ထု ၁၁ လက်မရှိ ကွန်ကရစ်လမ်းတိုးချဲ့ခင်းနေမှု၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ဒဂုံတက္ကသိုလ်ရှေ့ မင်းရဲကျော်စွာလမ်းမှ SR-7 လမ်းအတိုင်း ဝင်ရောက်၍ ‌ပေ ၁၁၀၀၀ အရှည်ရှိ တာပတ်ချောင်းရိုး ပြန်လည်ဆယ်ယူပြီးစီးမှုနှင့် ပေ ၁၂၈၀၀ အရှည်ရှိ ဒဂုံတက္ကသိုလ်ရိုးချောင်း ပြန်လည် သယ်ယူနေမှု၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းနှင့် မြို့ပတ်လမ်းဆုံမှ သရက်ပင်ချောင်ရွာသွား လမ်းရှိ ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
စီမံကိန်းရုံးတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် (MLCA)၊ Quality Control ဆောင်ရွက်သည့်ကုမ္ပဏီတို့က တင်ပြချက်များနှင့် စပ်လျဉ်း၍ မြို့တော်ဝန်ဦးဗိုလ်ဌေးက MCEF နှင့် MLCA တို့မှ အဆောက်အအုံ ၉၇ လုံးစီဖြင့် စုစုပေါင်း ၁၉၄ လုံး ဆောက်လုပ်နေရာ MCEF မှ ၂၂ ရာခိုင်နှုန်း MLCA မှ ၁၂ ရာခိုင်နှုန်း ပြီးစီးတိုးတက်လာမှု၊ မိုးမကျမီအရှိန်အဟုန်ဖြင့် ဆောင်ရွက်ရေး၊ ဘဏ်ချေးငွေရရှိရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရေး၊ အိမ်ရာအတွက် သောက်သုံးရေ ဖြန့်ဖြူးပေးရေးကို လဂွန်းပြင် ရေသန့်စင်စက်ရုံမှ ဖြန့်ဖြူးပေးမည့်အခြေအနေများကို မှာကြားခဲ့သည်။
ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်ရေးလုပ်ငန်းပြီးစီးမှုကို QC အဖွဲ့များမှ စစ်ဆေးအတည်ပြုပေး ရန်နှင့် လုပ်ငန်းခွင်အတွင်း ရေလျှံမှုနှင့် လမ်းနှင့်ရေမြောင်းများ စနစ်တကျဆောင်ရွက်သွားကြရန် ကြိုးပမ်း        လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။      ။






အခြားဆက်စပ်သတင်းများ