နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချောင်းဦးမြို့နယ်တွင် ယခုနှစ် ငရုတ်အထွက်နှုန်း ကောင်းမွန်သော်လည်း ယခင်နှစ်များကလောက် ဈေးကောင်းမရ

ချောင်းဦး     ဧပြီ        ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ငရုတ်ပင်များကို အခြားသီးနှံပင်များနှင့်ရော၍ သီးညှပ်အနေဖြင့် စိုက်ပျိုးကြပြီး ယခုနှစ်တွင် ငရုတ် အထွက်နှုန်း ကောင်းမွန်သော်လည်း ယခင်နှစ်များကလောက် ဈေးကောင်းမရကြောင်း ချောင်းဦးမြို့နယ်ရှိ ငရုတ်စိုက်တောင်သူများထံမှ သိရသည်။

ငရုတ်ပင်များသည် ရေသွင်းစိုက်ပျိုးနိုင်ပြီး တစ်နှစ်ပတ်လုံး ခူးဆွတ်ရောင်းချရသော အသီးအနှံပင်ဖြစ်ကာ စတင်စိုက်ပျိုးပြီး ၃ လခန့်မှစ၍ ၁၅ ရက်တစ်ကြိမ် ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ တစ်ကြိမ်ခူးဆွတ်ပါက တစ်ဧကလျှင် ငရုတ်အစိုပိဿာချိန် ၁၀ဝ၀ ခန့်အထိ ရရှိနိုင်ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်တွင် ငရုတ်ပင်များကို သီးညှပ်အနေဖြင့် ဖရဲ၊ သခွားမွှေး စသည့်အပင်များကြားတွင် စိုက်ပျိုးကြပြီး တောင်သူအများစုသည် သီးညှပ်အဖြစ် စိုက်ပျိုးကြသလို သီးသန့်စိုက်ပျိုးသော တောင်သူများလည်း ရှိကြောင်း သိရသည်။
လက်ရှိပေါက်ဈေးမှာ ငရုတ်သီးအစိုတစ်ပိဿာလျှင် ၅၀ဝ ကျပ်မှ ၂၀ဝ၀ ကျပ်အထိရှိပြီး တောင်သူများ အနေနှင့် ထွက်ရှိလာသော ငရုတ်သီးများကို ချောင်းဦးမြို့နယ်အတွင်းရှိ ငရုတ်သီးသန့်ပွဲရုံများသို့ ရောင်းချကြ သလို မန္တလေးမြို့အထိ တင်ပို့ရောင်းချသူများလည်းရှိကြောင်း သိရသည်။                 

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ