နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မအူပင်မြို့တွင် ငါးမျိုးသယံဇာတတိုးပွားရေးအတွက် တိုးမြစ်အတွင်း ငါးမျိုးစိုက်ထည့်

မအူပင်၊ ဧပြီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ငါးလုပ်ငန်း တာဝန်ခံ ဦးဆန်းဝင်း၏ ဦးဆောင်မှုဖြင့် ငါးသယံဇာတတိုးပွားရေးအတွက် တိုးမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကို ဧပြီ ၂၃ ရက် နံနက် ၉ နာရီက မင်းဧရာဆိပ်ခံဗောတံတားတွင် ကျင်းပခဲ့သည်။

အဆိုပါ ငါးလွှတ်ပွဲသို့ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှုအဖွဲ့မှတာဝန်ရှိသူများ၊  ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး ခရိုင်ငါးလုပ်ငန်းတာဝန်ခံ ဦးဆန်းဝင်းနှင့်ဝန်ထမ်းများ တလုပ်လပ်အရှေ့ကျေးရွာ၊ တလုပ်လှ ငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်အေးအေးမင်း၏စီစဉ်မှုဖြင့် ရွှေဝါငါးကြင်း ငါးသားပေါက်အကောင်ရေ (၁)သိန်းအား ငါးသယံဇာတတိုးပွားရေးအတွက် တိုးမြစ်အတွင်းသို့ စုပေါင်းငါးမျိုးစိုက်ထည့်ခဲ့ကြောင်း               ခရိုင်ငါးလုပ်ငန်းတာဝန်ခံထံမှ သိရသည်။
အောင်ခိုင် (မအူပင်)






အခြားဆက်စပ်သတင်းများ