နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကန်ထရိုက်လယ်ယာစိုက်ပျိုးရေးဖြင့် မိုးစပါးစိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးနှင့်ကောင်စီအဖွဲ့ဝင်များသည် ဧပြီ ၂၃ ရက်၊ မွန်း လွဲ ၁ နာရီ၌ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး မင်္ဂလာခန်းမတွင် ကန်ထရိုက်လယ်ယာစိုက်ပျိုးရေး ဖြင့် မိုးစပါးစိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကန်ထရိုက်လယ်ယာစိုက်ပျိုးရေး ဆောင်ရွက်မည့်         ကုမ္ပဏီများမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးအောင်သန်းဦးက ကိုဗစ် - ၁၉ ရောဂါနှင့် လတ်တလောအခြေအနေများအရ နှောင့်နေးကြန့်ကြာနေသော စီးပွားရေးလုပ်ငန်းများကိုအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာနိုင်မည်ဖြစ်ကြောင်း လယ်သမားများ၏ လူနေမှုဘဝတိုးတက်မြင့်မားရေးအတွက်လယ်သမားနှင့် ကုမ္ပဏီများချိတ်ဆက်ပြီး ကန်ထရိုက်လယ်ယာစနစ်ဖြင့် မိုးစပါးဧက ၅ သောင်းကျော် စိုက်ပျိုးရန်လျာထားကြောင်း ၊ ထိုသို့ စိုက်ပျိုးရာတွင်လည်း လိုအပ်သည့်စိုက်ပျိုးရေရရှိရေးနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် သက်ဆိုင်သည့် ဌာနဆိုင်ရာများနှင့်ချိတ်ဆက်ပေးပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှလည်း လိုအပ်သည့်ကဏ္ဍများကို ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအစဉ်များကို ပြောသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ၊ ကန်ထရိုက်လယ်ယာစိုက်ပျိုးရေး ဆောင်ရွက်ကြမည့် ကုမ္ပဏီများနှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ စက်မှုလယ်ယာဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိုးစပါးကန်ထရိုက် လယ်ယာစိုက်ပျိုးရေးဆောင်ရွက်ရာတွင် လိုအပ်သော မျိုးကောင်းမျိုးသန့် ၊ စိုက်ပျိုးရေ ၊ စက်ယန္တရားများ ၊ စိုက်ပျိုးနိုင်မည့်လယ်ယာမြေဧရိယာများ၊လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုမှတ်ပုံတင်ဆောင်ရွက်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ ထွက်ရှိလာသော မျိုးကောင်းမျိုးသန့်ကိုမူတည်၍ စျေးနှုန်းကောင်းကောင်းရရှိအောင် ရောင်းချနိုင်ရေးနှင့် ဝယ်ယူမည့်ဌာန များ၊ ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့် လယ်သမားများ၏လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ပံ့ပိုးဆောင်ရွက်ပေးမည့်အစီအစဉ်များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက မိုးစပါးစိုက်ပျိုးရေးရာသီအမီ လုပ်ငန်းများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ကြရန်၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များအသုံးပြုရန် ၊ နိုင်ငံခြားပို့ကုန်စျေးကွက်ဝင် မျိုးစပါးများရွေးချယ်စိုက်ပျိုးရန်၊ မြေသြဇာနှင့်ပိုးသတ်ဆေး အသုံးပြုရာတွင် GAP စံနှုန်းနှင့်အညီ အသုံးပြုစေရေးကြီးကြပ်ကွပ်ကဲရန်၊ ခေတ်မီစက်မှုလယ်ယာနည်းစနစ် များအသုံးပြု၍ မိရိုးဖလာစနစ်ဖြင့်လုပ်ကိုင်နေသော လယ်သမားများကိုခေတ်မီလယ်သမားများဖြစ်စေရေး စံနမူနာပြဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက               ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကျယ်တဝင့်ပြောကြားခဲ့ကြောင်းသိရသည်။

ဆန်းကျော်ဦး (ပြန် /ဆက်)






အခြားဆက်စပ်သတင်းများ