နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီဥတုပြောင်းလဲမှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့

ရန်ကုန်၊ ဧပြီ ၂၄

ကမ္ဘာကြီးသည် လွန်ခဲ့သောရာစုနှစ်များကထက်ပို၍ ပူနွေးလာသည်။ ဤသည်ကိုအကြောင်းပြု၍ ဒေသ အသီးသီး၏ ရာသီဥတုဖြစ်စဉ်ပြောင်းလဲလာသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြီးသည် ကမ္ဘာတစ်ခွင်ပုံစံ အမျိုးမျိုးဖြင့် ဖြစ်ပေါ်နေသည်ကို အချိန်နှင့်တစ်ပြေးညီ တွေ့မြင်နေရသည်။ ရာသီဥတုပြောင်းလဲမှုကို မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင်တွေ့ကြုံခံစားနေရပြီဖြစ်သည့်အတွက် မြန်မာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သဘာဝသယံဇာတ ပေါများကြွယ်ဝသကဲ့သို့ ရာသီဥတုမျှတသဖြင့် နေချင်စဖွယ်ကောင်းသော နိုင်ငံဖြစ်သည်။ သို့သော်လည်း သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာသဖြင့် ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံတွေ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ မိုးခေါင်ခြင်း၊ မိုးများခြင်း၊ ပူပြင်းမှုကာလရှည်လျားပြီး ဆောင်းကာလတိုခြင်းတို့ ကြုံတွေ့နေရသည်။ လက်ရှိ အခြေအနေတွင် ကမ္ဘာတစ်ဝန်း ဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့များထုတ်လွှတ်မှုသည် လျင်မြန်စွာမြင့်တက် နေလျက်ရှိကြောင်း ကမ္ဘာတစ်ဝန်းလုံးက  အစီအမံများထိန်းချုပ်သွားရန်လိုကြောင်း  ကုလသမဂ္ဂက သတိပေးချက် ထုတ်ပြန်ထားသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့သည် ၁၉၇၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း နှစ်ဆနီးပါးမြင့်တက်လာရာမှ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း နှစ်စဉ်ပျှမ်းမျှ ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစိုးရချင်းဖွဲ့စည်းထားသော အဖွဲ့ကထုတ်ပြန်ထားသည်။ ယခင်က ၂၀၂၅ ခုနှစ်အရောက်တွင် ဓာတ်ငွေ့ထုတ်လုပ်မှုကို ၂၆ မှ ၂၈ ရာခိုင်နှုန်းအထိ လျှော့ချရန်သတ်မှတ်ခဲ့သော်လည်း ၂၀၃၀ ပြည့်နှစ်အရောက် တွင် ဓာတ်ငွေ့ထုတ်လုပ်မှုကို ရာခိုင်နှုန်း ၅၀ မှ ၅၂ ရာခိုင်နှုန်းအထိ လျှော့ချသွားရန်ရည်ရွယ်ထားသည်ဟု ၂၀၁၅ ပါရီ ရာသီဥတုသဘောတူညီမှုတွင် ပြန်လည်ပါဝင်လာသည့် အမေရိကန်က သဘောတူညီထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ကမ္ဘာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှုမြင့်တက်လာခြင်းကို  ကမ္ဘာ့အသိုင်းအဝိုင်းက ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျှော့ချသွားရန် လျင်လျင်မြန်မြန် ဆောင်ရွက်သွားရန်လိုအပ် သည်။  ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုသည် လက်ရှိအနေအထားအတိုင်း ဆက်လက်ထုတ်လုပ် ခွင့်ပြုထားလျှင် နောက်ပိုင်းထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သွားရန်မလွယ်ကြောင်း ကုလသမဂ္ဂက သတိပေးထုတ်ပြန်ထားရာ သတိပြုဆင်ခြင်စရာဖြစ်စေကြောင်း။       ။






အခြားဆက်စပ်သတင်းများ