နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖားကန့်၌ ချေးငွေကျပ်သုံးသိန်းရလိုမှုဖြင့် လူသတ်မှုဖြစ်ပွား

ဖားကန့် ဧပြီ ၂၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ဧပြီ ၂၂ရက်က ချေးငွေကျပ်သုံးသိန်းရလိုမှုဖြင့် စကားများရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဖားကန့်မြို့မရဲတပ်ဖွဲ့စခန်းမှသိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် နံနက် ၉ နာရီခွဲက ဖားကန့်မြို့နယ်၌ ဂျာနယ်ရောင်းချသည့် ဦးကျော်ငြိမ်း(ခ)ဂျာနယ်သည် ပြတ်ရှဒဏ်ရာများဖြင့် ၎င်း၏ နေအိမ်ဖြစ်သည့်ဆိပ်မူကျေးရွာ ရပ်ကွက်သို့ပြန်လည်ရောက်ရှိ လာပြီးနောက် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

၎င်းမသေဆုံးမီပြောကြားချက်အရ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ချေးငွေသုံးသိန်းချေးယူခဲ့ပြီး ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသည်နှင့်ပတ်သက်၍ ငွေရှင် ဒေါ်ခိုင်ခိုင်သွယ်နှင့် ဆိပ်မူ-ဖားကန့်သွား လမ်းဘေးရှိ ဒေါ်ခိုင်ခိုင်သွယ်၏ နေအိမ်ရှေ့တွင် ထပ်မံစကားများရာ ဒေါ်ခိုင်ခိုင်သွယ်က ဓားဦးပြတ်ဓားမဖြင့် ခုတ်သဖြင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ခိုင်ခိုင်သွယ်အား ဖမ်းဆီးကာ ဖားကန့်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ