နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကြီးမြို့နယ်၌ ငွေကျပ်သိန်း ၁၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ဆာလဖျူရစ်အက်စစ်များ သိမ်းဆည်းရမိ

တောင်ကြီး ဧပြီ ၂၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်  လုံခြုံရေးတပ်ဖွဲ့ဝင်ပါဝင်သော ပေါင်းအဖွဲ့သည် ဧပြီ ၂၁ ရက် ည ၁၁ နာရီချိန်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ် တောင်ကြီး - ကလောသွားကားလမ်း ထုံးဘိုပူးပေါင်းစစ်ဆင်ရေးစခန်းတွင် ကလောမှ တောင်ကြီးသို့ ရဲသီဟဦးမောင်းနှင်ပြီး နိုင်ရန်လင်း (ခ)ပြားပြား လိုက်ပါလာသည့်ယဉ်ကို ရပ်တန့်စစ်ဆေးရာ ငွေကျပ်သိန်း ၁၂၀၀ ကျော်တန်ဖိုးရှိ ဆာလဖျူရစ်အက်စ် လီတာ ၁၆၀၀ ခန့်သိမ်းဆည်းရမိခဲ့ရာ စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိသော ထိန်းချုပ်ဓာတု ပစ္စည်းဆာလဖျူရစ်အက်စစ်များကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှ ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်သို့ သယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီးကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။

အလားတူ ဧပြီ ၂၀ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းတုံမြို့နယ် ပါချီးကျေးရွာအနီးတွင် အဲသဲမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ ၊ ဘိန်းစိမ်း သုည ဒသမ ၃၂၆ ကီလိုနှင့် ဘိန်းဖြူ သုည ဒသမ ၀၁၅ ကီလိုတို့ကိုလည်းကောင်း၊ ထို့အတူ ဧပြီ ၂၂ ရက် ညပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ် ခင်လောင်းကျေးရွာအနီးရှိ ဇော်မျိုးအောင်(ခ)ကိုအောင်၏ တောင်ယာတဲသို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၇ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀တို့ကိုလည်းကောင်းသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 ဆွေဦး






အခြားဆက်စပ်သတင်းများ