နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆင်ပေါင်ဝဲမြို့နယ်၌ မေမြို့ပန်းစိုက်ပျိုးသူများ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိ

ရန်ကုန်၊ ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြိူ့နယ်၊ အိုးဘိုရပ်ကွက်မှ မေမြို့ပန်းစိုက်တောင်သူများသည် ပန်းများ လှိုင်လှိုင်ပေါ်ပြီး ရောင်းအားကောင်းသဖြင့် အဆင်ပြေလျက်ရှိကြောင်း ပန်းစိုက်တောင်သူများထံမှသိရသည်။

ပန်းအမျိုးပေါင်းများစွာရှိသော်လည်း မေမြို့ပန်းကို ငါးလခန့် အချိန်ယူစိုက်ပျိုးရပြီး ထွန်းယက်ခ ပေါင်းဆွဲခ ပျိုးပင်များပြန်လည်စိုက်ပျိုးစရိတ်မှာ တစ်ဧကငွေကျပ် သုံးသိန်းခွဲခန့် ကုန်ကျကြောင်းလည်းသိရသည်။

ပန်းများကိုရေဖျန်းခြင်းမဟုတ်ဘဲ မြေအောက်ရေသွင်းစနစ်ဖြင့် စိုက်ပျိုးပြီး မြေကြီးအစိုအခြောက်အပေါ် မူတည်၍ ငါးရက်(သို့မဟုတ်) ခုနှစ်ရက်တစ်ခါ ရေသွင်းပေးရသည်။
ပိုးသတ်ဆေးများကို ပိုးကျမှဖျန်းပြီး အပင်အားကောင်းဆေးအဖြစ် စိုက်ပျိုးမည့်အချိန်တွင် နွားချေးမြေဆွေး များ ခံထားသည့်အတွက်လိုအပ်မှသာ ပက်ဖျန်းပေးရကြောင်းလည်းသိရသည်။

ပန်းများပေါ်သည့်အချိန်တွင် တစ်ပြိုင်တည်းပွင့်သည့်အတွက် နေ့စဉ်ရက်ဆက်ရောင်းချနေရပြီး မေမြို့ပန်း တစ်ပင် ၈၀ ကျပ် သုံးပင်စည်းတစ်စီးလျှင် ၂၀ဝ ကျပ်နှုန်းဖြင့် ရောင်းချနေရသဖြင့် စိုက်ပျိုးသူအဆင်ပြေကြောင်း အိုးဘိုရပ်ကွက်မှ မေမြို့ပန်းစိုက်တောင်သူ ဦးအုန်းမောင်ထံမှ သိရသည်။
ခရီးသွားလုလင်






အခြားဆက်စပ်သတင်းများ