နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သွားတိုက်နည်းစနစ် မှန်ကန်မှုမရှိခြင်းကြောင့် ခံတွင်းနှင့်ပတ်သက်သောရောဂါများဖြစ်ပွားနိုင်

ဧပြီ       ၂၃

လူအများစုတွင် သွားတိုက်နည်းစနစ်မမှန်ကန်သည့်အတွက်ခံတွင်းနှင့်ပတ်သက်သော ရောဂါများဖြစ်ပွားနေကြခြင်းဖြစ်ကြောင်းသွားဆရာဝန်တစ်ဦးက ပြောကြားသည်။
သွားအားကန့်လန့်ဖြတ်မတိုက်ရန်၊ သွားတိုက်သည့်အကြိမ်ရေလိုအပ်သည်ထက်မပိုရန်၊ ဆား၊ မီးသွေးစသည့် ကြွေအလွှာကိုပျက်စီးစေသည့်အရာများနှင့်မတိုက်ရန်၊ အိပ်ရာမဝင်ခင်သတိထား၍ သွားတိုက်ရန်လူထုအကြားပညာပေး၊ သတိပေးနေသော်လည်းလိုက်နာမှုနည်းပါးကြောင်း အဆိုပါ ဆရာဝန်က ပြောသည်။
တချို့လူများသည်သွားဖြူစေရန်သွားခဏခဏတိုက်ခြင်း၊ အချိန်အကြာကြီးတိုက်ခြင်း၊ ဖိ၍တိုက်ကြလေ့ရှိပြီးထိုအရာများသည်သွားမဖြူစေဘဲကြွေလွှာများပျက်စီးကာတဖြည်းဖြည်းဝါလာလေ့ရှိကြောင်း သိရသည်။

“သွားကန့်လန့်ဖြတ်တိုက်တဲ့အခါ သွားဖုံးနဲ့သွားနားမှာသွားပိုးစားတာမဟုတ်ဘဲ အချိုင့်တွေဖြစ်ပြီး                     အဲဒီချိုင့်တွေတဖြည်းဖြည်းနက်လာတဲ့အခါ သွားအတွင်းအသားနုတွေပျက်စီးပြီး သွားမကောင်းတော့ဘူး”ဟု ယင်းက ပြောသည်။
ထို့အပြင် သွားတိုက်သည့်အခါ ပါးစပ်ပိတ်ပြီးတိုက်ပါက အပေါ်အောက်အညစ်အကြေးများ ပါးစပ်အတွင်း ဝင်ရောက်နိုင်ကြောင်း သိရသည်။                                          (သူရိန်)






အခြားဆက်စပ်သတင်းများ