နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတော်ကိုအကြည်ညိုပျက်စေရန်ဆန့်ကျင်ရေးသားထားသည့်စာသားများ၊ ရုပ်ပုံများဖျက်သိမ်းရှင်းလင်းခြင်း

ရန်ကုန် ဧပြီ ၂၃

ရန်ကုန်မြို့တွင်တည်ငြိမ်အေးချမ်းရေးကိုနှောင့်ယှက်လိုသူများမှအများပြည်သူနေရာများတွင် နိုင်ငံတော်ကိုအကြည်ညိုပျက်စေသည့်အစိုးရဆန့်ကျင်စာသားများ၊ ရုပ်ပုံများရေးဆွဲထားမှုကို စည်ပင်သာယာဝန်ထမ်းများမှလိုက်လံဖျက်သိမ်း၊ ရှင်းလင်းလျက်ရှိသည်။

ယနေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘေလီတံတားအဆင်း၊ ပင်လုံရင်ပြင်၌ဆေးနီများဖြင့်ပက်ဖြန်းထားခြင်း၊ အစိုးရဆန့်ကျင်ရုပ်ပုံများရေးသားထားခြင်း၊ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့်ဓမ္မစေတီလမ်းထောင့်တွင် အစိုးရဆန့်ကျင်စာသားများကပ်ထားခြင်း၊ ပုဇွန်တောင်မြို့နယ် အနော်ရထာလမ်း၊ လမ်း ၅၀ ကားမှတ်တိုင်၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ခုံးကျော်တံတားနှင့်သမိုင်းဘူတာရုံလမ်း၊ အင်းစိန်လမ်း၊ ကမ္ဘာအေးဘုရားလမ်းများရှိကားမှတ်တိုင်များတွင် အစိုးရဆန့်ကျင်စာသားများရေးထားခြင်းတို့အားဖျက်သိမ်းရှင်းလင်းခဲ့ကြောင်းသိရသည်။

မိုးဝေ






အခြားဆက်စပ်သတင်းများ