နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွိုင်ကော်မြို့နယ်နှင့် မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူများ ဖမ်းဆီးရမိ

လွိုင်ကော် ဧပြီ ၂၂

ကယားပြည်နယ် လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့၏မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာရှိ ထီးစဲခါးတံတားအနီး ဆီဆိုင်- လွိုင်ကော်သွားကားလမ်း၌ ဧပြီ၂၀ရက်ညနေ၄နာရီခွဲခန့်တွင်လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးဆောင်ရွက်စဉ် ဆီဆိုင်မှ လွိုင်ကော်သို့ ခင်မောင်ထွေး(ဘ)ဦးသိန်းအောင် မောင်းနှင်ပြီး ကျော်လင်း(ဘ)အာမတ်ဟူစိန် လိုက်ပါလာသည့် ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်၏နောက်ဖုံးအတွင်းမှ WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၀၀) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား လွိုင်လင်လေးနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်းသိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဧပြီ ၂၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ဖားကန့်မြို့နယ် မှော်ဆီဇာကျေးရွာအနီးတွင် ဇော်ထွန်းဦး မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၉၅ ကီလိုကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့ ခိုဝိန်းရပ်ကွက်ရှိ ရန်ချုံးဖူပိုင်ဆိုင်သော နေအိမ်အခန်း အမှတ် (၁၇)တွင် ငှားရမ်းနေထိုင်သည့် ကျန်စီဖိန်(ခ)အားကျိန်၏အခန်းသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ