နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဆစ်အမြစ်ရောင်ရောဂါနှင့်ပက်သတ်သည့် မျိုးဗီဇများရှာဖွေတွေ့ရှိ

ရန်ကုန် ဧပြီ ၂၁

နောက်ဆုံးပြုလုပ်ခဲ့သည့် သုတေသနအသစ်တွင် အဆစ်အမြစ်ရောင်ရောဂါ (Osteoarthritis-OA) နှင့်သက်ဆိုင်သည့်မျိုးဗီဇအသစ် ၉ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး အနာဂတ်တွင် အဆစ်အမြစ်ရောင် ရောဂါကုသရန်အတွက် ပစ်မှတ်ထားနိုင်သည့် ကုသနည်းသစ်ပေါ်ပေါက်လာနိုင်သည်။ ဗြိတိန်နိုင်ငံ၏ လူဦးရေ (၉) သန်းခန့်သည် အဆစ်အမြစ်ရောင်ရောဂါကို ခံစားနေရပြီး အဆိုပါရောဂါသည် အဆစ်အမြစ်များ ပျက်စီးနာကျင်ပြီး လွတ်လပ်စွာလှုပ်ရှားမှုပြုလုပ်နိုင်ခြင်းမရှိသည့် အခြေအနေဖြစ်သည်။

Osteoarthritis အဖြစ်အများဆုံးသောအရိုးငြမ်းကြွက်သားရောဂါတစ်ခုဖြစ်သည်။ လက်ရှိအချိန်အထိ နာကျင် မှုသက်သာအောင်ကုသကြသကဲ့သို့ လိုအပ်ပါက အဆစ်အစားထိုးခွဲစိတ်မှုများ ပြုလုပ်လေ့ရှိကြသည်။ Osteoarthritis ၏ မျိုးဗီဇအခြေခံကိုနားလည်ရန် သုတေသီများသည် DNA မျိုးကွဲပေါင်း (၁၆ ဒသမ ၅) သန်းခန့်ကိုလေ့လာခဲ့ပြီး အဆစ်အမြစ်ရောင်ရောဂါရှိသူ (၃၀၇၂၇) ယောက်နှင့်ရှိသူ (၃၀၀၀၀၀) နီးပါးပါဝင်ခဲ့ကြောင်း သိရသည်။ ထိုအထဲမှ သုတေသီများသည် အဆစ်အမြစ်ရောင်ရောဂါနှင့်သက်ဆိုင်သည့် မျိုးဗီဇ ၉ ခုကိုရှာဖွေတွေ့ရှိခဲ့ကြသည်။

လက်ရှိကာလတွင် အဆစ်အမြစ်ရောင်ရောဂါသည် ကမ္ဘာအဝှမ်းစိန်ခေါ်မှု တစ်ရပ်လည်းဖြစ်လာသည်။ လူအမျိုးမျိုးကို သက်ရောက်စေနိုင်သကဲ့သို့ ဒူးဆစ်ရိုး၊ တင်ပဆုံရိုး၊ ကျောရိုးစသဖြင့် အဆစ်အမြစ်အမျိုးမျိုးကို ထိခိုက်စေနိုင်သည်။ အဆစ်အမြစ်အစားထိုးသည့် ခွဲစိတ်မှုပြုလုပ်ထားသူများဆီမှ ပုံမှန်အရိုးနုနှင့် ရောဂါဖြစ်နေသည့် အရိုးနုနှစ်မျိုးလုံးကိုလေ့လာခြင်းဖြင့် မျိုးဗီဇအသစ် ၉ ခု ၏ ကဏ္ဍကို စမ်းသပ်ခဲ့ကြသည်။

ကျန်းမာသည့် တစ်သျှူးနှင့်ရောဂါဖြစ်နေသည့် တစ်သျှူးများဆီမှ ဆဲလ်များရယူပြီး အဆစ်အမြစ်ရောင် ရောဂါတွင်ပါဝင်လုပ်ဆောင်နေသည့် မျိုးဗီဇများကို အသေးစိတ်လေ့လာခဲ့ကြခြင်းလည်းဖြစ်သည်။ အဆစ် အမြစ်ရောင်ရောဂါနှင့်ဆက်နွှယ်နေသည့် မျိုးဗီဇ ၉ ခု ထဲမှ ၅ ခုသည် ကျန်းမာသည့်တစ်သျှူးနှင့်ရောဂါဖြစ်နေသည့်တစ်သျှူးတို့တွင် သိသိသာသာကွဲပြားနေသည်ကိုလည်း တွေ့ရသည်။ ထပ်ပေါင်းလေ့လာမှုများအရ အမျိုးအစား ၂ ဆီးချိုရောဂါနှင့် သွေးတွင်းအဆီဓာတ်များပြားခြင်းသည် အဆစ်အမြစ်ရောင်ရောဂါအပေါ်တွင် ထူးခြားသည့် သက်ရောက်မှုမျိုးရှိမနေသည်ကိုလည်း တွေ့ရသည်။ အဆိုပါမျိူးဗီဇတွေ့ရှိချက်များသည် အဆစ်အမြစ်ရောင်ရောဂါသည်များအတွက် အကျိုးရှိစေနိုင်မည့် တွေ့ရှိမှုလည်း ဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ