နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါင်မုန့်ကိုညိုမည်းသွားသည်အထိမီးကင်စားသုံးခြင်းမှာကင်ဆာရောဂါ ဖြစ်ပွားစေနိုင်

ဧပြီ        ၂၁

ပေါင်မုန့်မီးကင်၊ အာလူးကြော်အစရှိသည်တို့ကို နှစ်ခြိုက်စွာစားတတ်သူများအနေဖြင့် မီးကင်ခြင်း၊ ကြော် လှော်ခြင်းတို့ကိုပြုလုပ်ရာတွင် ရွှေရောင် သို့မဟုတ် အဝါရောင်ဖြစ်သည်အထိသာအပူပေးသင့်ပြီးအညိုရောင် သမ်းသွားသောသို့မဟုတ်ညိုမည်းသွားသောပေါင်မုန့်၊ အာလူးကြော်အစရှိသည်တို့သည် ကင်ဆာဖြစ်ပွားမှုကိုအားပေးနိုင်မည်ဖြစ်ကြောင်းသုတေသီတစ်ဦးက ပြောကြားခဲ့သည်။

“ကစီဓါတ်ကြွယ်ဝတဲ့အစားအစာတွေကိုကင်တဲ့အခါ၊ ကြော်တဲ့အခါအချိန်သိပ်ကြာသွားပြီးအပူချိန်မြင့်မားလွန်းသွားရင်အက်ခရီလာမိုက်ဆိုတဲ့ဓာတုပစ္စည်းထွက်လာပါတယ်။ အဲဒီဓာတုပစ္စည်းဟာကင်ဆာဖြစ်ပွားမှုကိုအားပေးပါတယ်။ ဒါကြောင့် ကြော်၊ လှော်၊ ကင်၊ ဖုတ်တဲ့အစားအစာတွေဟာကစီဓာတ်ပေါကြွယ်ဝတယ်ဆိုရင် ညိုမည်းမသွားခင်မီးဖိုပေါ်ကချဖို့ အရေးကြီးပါတယ်” ဟု သုတေသီတစ်ဦးက ပြောသည်။
အထူးသဖြင့် ကလေးများကြိုက်ကြသည့်အာလူးကြော်၊ ဘီစကစ်၊ ပေါင်မုန့်အစရှိသည်တို့ကို ညိုအောင်၊ မည်းအောင်မီးဖုတ်ခြင်း၊ မီးကင်ခြင်းသို့မဟုတ်အေးနေ၍ အကြိမ်ကြိမ်ပြန်နွေးခြင်းများမှာ လုံးဝရှောင်ကြဉ်သင့် သည့်အပြုအမူများဖြစ်ကြောင်းသုတေသီတစ်ဦးက ပြောသည်။               

(သူရိန်)






အခြားဆက်စပ်သတင်းများ