နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗန်းမော်မြို့နယ်၌ ငွေကျပ်သိန်း ၁၉ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ဗန်းမော် ဧပြီ ၂၁

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၌ ငွေကျပ်သိန်း ၁၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် သတင်းအရ ဗန်းမော်မြို့နယ် နမ့်ဖာရပ်ကွက် ဗန်းမော်-မြစ်ကြီးနားသွားကား လမ်းတွင် ဗန်းမော်မှ မြစ်ကြီးနားသို့ ဇယ်လွမ်း မောင်းနှင်လာသည့် PAJERO အမျိုးအစားယာဉ်ကို ရှာဖွေရာ ယာဉ်၏ ဆီတိုင်ကီအတွင်းမှ ဆပ်ပြာခွက် ၁၀၂ ခွက် ဖြင့်ထည့်လျက် ဘိန်းဖြူ ၁ ဒသမ ၀၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၈၉၅၀ (တန်ဖိုးငွေကျပ်သိန်း ၁၉၈၈ ဒသမ ၂၅ သိန်း)တို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မှ ကချင်ပြည်နယ် (ဝိုင်းမော်)သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ