နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရသည့် အီတလီနိုင်ငံမြောက်ပိုင်းတွင် စားသောက်ဆိုင်များ ပြန်ဖွင့်မည်ဟု ဆို

မေ ၁၆၊ ရောမ

ကိုရိုနာဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံး ခံစားရသည့် အီတလီနိုင်ငံမြောက်ပိုင်း လွန်ဘာဒီပြည်နယ်တွင် လာမည့်တနင်္လာနေ့မှစတင်၍ ဈေးဆိုင်များ၊ စားသောက်ဆိုင်များနှင့်ဆံသဆိုင်များ ပြန်လည်ဖွင့်လှစ်သွား မည်ဟု ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီးက ပြောသည်။

အစိုးရ၏ကိန်းဂဏန်းအချက်အလက်များအရ လက်ရှိအချိန်အထိ အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးဒေသမှာ မြောက်ပိုင်းဒေသဖြစ်ပြီး ရောဂါပိုးရှိနေသူ အနည်းဆုံး ၃၄၂၄၂ ဦး ကျန်ရှိနေသေးသည်။ အီတလီဝန်ကြီးချုပ် ဂူဆက်စပီကွန်တီ၊ ဒေသရေးရာဝန်ကြီး ဘော့စီယာနှင့် အီတလီနိုင်ငံ ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဆိုင်များ ပြန်လည်ဖွင့်လှစ်ရန် ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် ဒေသခံအာဏာပိုင်များကို နိုင်ငံတစ်ဝန်း ကန့်သတ်မှုစည်းမျဉ်းများ ဖြေလျှော့ခွင့်ပြုရန် သဘောတူညီခဲ့ကြသည်။

ဒေသခံအာဏာပိုင်များအနေဖြင့် ပြန်လည်ဖွင့်လှစ်ရေးလုပ်ငန်း ဆောင်ရွက်မည် သို့မဟုတ် ကန့်သတ်မှုစည်းမျဉ်းများ ဆက်လက်ကျင့်သုံးမည် ဆိုခြင်းကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိသည်ဟု ဘော့စီယာက ဒေသခံအာဏာပိုင်များကို အခိုင်အမာ ပြောခဲ့သည်။
ဒေသခံခေါင်းဆောင်များက ကန့်သတ်ချက်စည်းမျဉ်းများကို ဖြေလျှော့ပါက ယင်းတို့၏လုပ်ရပ်နှင့်ပတ်သက်၍ ဗဟိုအစိုးရအဖွဲ့ထံ ဆက်သွယ်အကြောင်းကြားရန် လိုအပ်မည်ဟု ဆိုသည်။

အီတလီနိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၂၃၈၈၅ ဦး ရှိခဲ့ပြီး သေဆုံးသူ ၃၁၆၁၀ ရှိခဲ့သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ