နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သကြားသီးနှင့် ကျန်းမာရေး

Manilkara zapota မျိုးနွယ်၀င်ဖြစ်သော သကြားပင် တို့ပေါက်ရောက်ရာဇစ်မြစ်မှာ မက္ကစီကို တောင်ဘက် ပိုင်း၊ အမေရိကတိုက် အလယ်ပိုင်း၊ အနောက်အင်ဒီးစ်နှင့် ဂွာတီ မာလာအရှေ့မြောက်ဘက်ပိုင်းဒေသတို့ဖြစ် ကြသည်။
အသီး၏အရသာမှာ သကြားကဲ့သို့ချိုသောကြောင့် မြန်မာပြည်တွင် သကြားသီး၊ သကြားပင်ဟု အလွယ်ခေါ် ကြသည်။ အနံ့အရသာထူးသောကြောင့် ရှေးမြန်မာ မင်းများလက်ထက်က ဘုရင်များသာစားသုံးရန် သီးသန့် စိုက်ပျိုးကြပြီး၊ တိုင်းသူပြည်သားများ စားသုံးပါက ကြီးလေးသောပြစ်ဒဏ်ခံရကြောင်း အဆိုရှိခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ ဒေသအနှံ့ အပြားတွင် စိုက်ပျိုးလျက်ရှိကြသည်။ နူးညံ့ချိုမြိန်သောသကြားသီးကို အလယ်မှ ထက်ခြမ်းခွဲပြီး၊ လတ်လတ်ဆတ်ဆတ် အစာပြေ သွားရည်စာအဖြစ် စားလေ့ရှိကြသည်။ ရေခဲ သေတ္တာထဲ အအေးခံစားပါက အမောလည်းပြေကာ အရသာလဲပိုရှိ၏။ ထိုးမုန့်ပေါ်တွင် အနည်းငယ်ဖြူး ၍လည်းကောင်း၊   ကိတ်မုန့်၊ pie မုန့်ထဲတွင် အစာသွပ်၍လည်းကောင်း၊ မစ်ရှိတ်၊ အသီးသုပ်အဖြစ် လည်းကောင်း၊ မုန့်နှစ်လူး၍ ဆီကြော် ကြော်စားနိုင်သည်။ မက္ကဆီကိုနိုင်ငံတွင် သကြားသီး ရေခဲမုန့်မှာ အထူး ရေပန်းစားလျက်ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံတွင် အချဉ်ဖောက်၍ ဝိုင်အဖြစ်သောက်သုံး ကြသလို၊ မလေးရှားနိုင်ငံတွင် သံပုရာရည်၊ ချင်းတို့ဖြင့်စိမ်နှပ်ပြီး သောက်လေ့ရှိကြသည်။ သကြားသီးတွင်ပိုတက်စီယမ် အမြောက်အမြားနှင့် ဆိုဒီယမ်အနည်းငယ်တို့ အချိုးကျနစွာပါရှိခြင်းကြောင့် နှလုံးကိုများစွာကောင်းကျိုး ပြုသည်။ နှလုံးသွေးကြောကျန်းမာရေးကိုလည်း အထောက်အကူပြု ပေးနိုင်သည်။ အသီးထဲတွင် ဗီတာမင်၊ သတ္တုဓာတ်နှင့်သဘာ၀ ဖရပ်တို့(စ်) နှင့် ဆူးကရို့(စ်)သကြားဓာတ်တို့ ပါရှိသဖြင့် ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေကာ အချိန်တို အတွင်းမှာပင် လူကို ပြန်လည်နုပျိုစေပါသည်။ ဗိုက်တာမင်စီအပြည့်အ၀ ပါရှိခြင်းကြောင့်လည်း ခန္ဓာကိုယ်ထဲရှိ မလိုလားအပ်သော Free Radicals များကို တိုက်ထုတ်ပေးပြီး၊ ကိုယ်ခံစွမ်းအားတိုးပွားစေသည်။ ဓာတ်ခွဲစမ်းသပ်လေ့လာချက်များအရ အသီးထဲတွင် ပါရှိသော ဗီတာမင် အေသည် အမြင်အာရုံကြောများ ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး၊ အမြင် အာရုံကို တိုးတက်ကောင်းမွန် လာစေသည်ဟုဆိုသည်။ သကြားသီးထဲရှိ အော်ဂဲနစ်ဓာတ်ပေါင်းက ၀မ်းသက်ခြင်းကို ကောင်းစွာ ကုသပေးနိုင် စွမ်းရှိသည်။ ၀မ်းသွားသူများအတွက် အသီးနုနု ၁၅ လုံးခန့်ကို ရေ တစ်ခွက်စာပြုတ်၍ တစ်နေ့နှစ်ကြိမ် သောက်ပေးခြင်း (သို့မဟုတ်) လှီးဖြတ်ထားသော သကြားသီးပင် အရွက်တစ်ခွက်စာပမာဏကို ရေနှစ်ခွက်ဖြင့် ၁၅ မိနစ်ကြာမျှ ပြုတ်ပေးပြီးနောက် တစ်နေ့ သုံးကြိမ် သောက်ပေးခြင်းဖြင့် ၀မ်းရပ်စေသည်။ ၀မ်းကိုက်ခြင်းနှင့် ၀မ်းသွား ခြင်းတို့အတွက်လည်း ပင်စည်အခေါက်ပြုတ် ရည်က ကောင်းကျိုးပြုသည်။ သကြားသီးထဲတွင် poly-phenol(ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါရှိပေရာ၊ ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ ရောင်ရမ်းနာများ ကို  ကာကွယ်ပေးသည့် ပြင်၊ ဘက်တီးရီးယားနှင့် ကပ်ပါး ကောင်များကို ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိရှိခြင်း ကြောင့် ကာလ၀မ်းရောဂါ၊ အစာအိမ်ရောင်ခြင်း၊ အူရောင်ခြင်း နှင့် လိပ်ခေါင်းရောဂါ တို့မဖြစ်စေပါ။ အစာအိမ်လမ်းကြောင်း တစ်လျှောက်ဖြစ်တတ် သော ကင်ဆာရောဂါအမျိုးမျိုးတို့ကိုလဲ မဖြစ်စေနိုင်ပါ။သွေးတိုး ကျစေပါသည်။ အရိုးသန်မာအားကောင်းပြီး၊ သက်ရှည် ကျန်းမာစေရန်အတွက် ကယ်လ်စီယမ်၊ ဖော့စဖရက်စ် နှင့် သံဓာတ်တို့က မရှိမဖြစ် လိုအပ်ရာ၊ သကြားသီးထဲတွင် ထိုဓာတ် (၃) မျိုး စလုံး ကြွယ်၀စွာပါရှိ ကြသည်။ အသီး ထဲတွင် ဗီတာမင်B နှင့် ဗီတာမင်B Complex  တို့ လုံလုံ လောက်လောက်ပါရှိသဖြင့်၊ အလွန်အမင်း မောပမ်းခြင်း၊ သွေးအားနည်းရောဂါများ၊ ကာယာညာနဖွံ့ဖြိုးမှု နောက် ကျခြင်း၊ အာရုံကြောအဖွဲ့အစည်း ပျက်စီးယိုယွင်ခြင်း၊ စိတ်မတည်ငြိမ် ခြင်း၊ ရူးသွပ်ခြင်း နှင့် စိတ်ဓာတ်ကျ ရောဂါတို့ကို ကာကွယ်တားဆီးပေးနိုင်သည်။ကလေးငယ် များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်အတွက် ပရိုတင်း ဓာတ်ကြွယ်ဝသော သကြားသီးကို စားပေးသင့်သည်။ အမျှင်ဓာတ် အရင်းအမြစ်တို့စုဝေးရာ၊ သကြားသီးကို စားသုံးပေးခြင်းဖြင့် ၀မ်းချုပ် ခြင်း၊ စမြင်းခံခြင်းတို့ကို သက်သာစေ သည်။ အူထဲရှိအဆိပ်အတောက်များကို ဖယ်ရှားပေးသောကြောင့် အူမကြီး ကင်ဆာမဖြစ်စေနိုင်ပါ။ အသီးထဲတွင် ဖောလစ်အက်ဆစ်ပါရှိခြင်းကြောင့် သွေးနီဥများတည်ဆောက်ခြင်းကို အား ပေးသဖြင့် သွေး အားနည်းသူများ စားပေးသင့်သည်။ သွားဖုံးယောင်၊သွား ပိုးစား၊ သွားနာခြင်းစသည့် သွားရောဂါ အမျိုးမျိုးတို့အတွက် အရွက်ပြုတ်ရည်ဖြင့် အာလုပ်ကျင်းပေးနိုင်သလို၊ အပင်အခေါက်မှ ရရှိသောအစေးဖြင့် သိပ်ပေးနိုင်သည်။ မြန်မာ့ဆေးကျမ်းများတွင် သုက်ဓာတ်ပျက်ခြင်း၊ သည်းချေနောက်ကျိခြင်း၊ နှလုံးကိုလေ၀င်၍ ဆာလောင် မွတ်သိပ်ကာ နှလုံး နောက်ကျိခြင်း တို့အတွက် သကြားသီး ကိုဓာတ်စာအဖြစ်လည်းကောင်း၊ အအေးမိချောင်းဆိုးခြင်း စသောရာသီဖျားများ၊ သွေးပြန်ကြောရောဂါများ၊ အာရုံ ပျံ့လွင့်ခြင်း စသည့်ဝေဒနာအမျိုးမျိုးတို့အတွက် သကြားသီး ပင်၏အရွက်ပြုတ်သောက်၍ လည်း ကောင်း၊ ဘက်စုံအသုံးပြုလေ့ရှိသည်။ အဆုတ်ရောဂါ ဝေဒနာရှင် များသည် အပွင့်ကို အစိမ်းလိုက်ဝါးစားခြင်း (သို့မဟုတ်) ပြုတ်သောက်ခြင်းဖြင့် ချမ်းသာရာရစေသည်။
ဆီးကျောက်တည်ခြင်းနှင့် ဆီးအိမ်ဝေဒနာများအတွက် အစေ့ကိုထောင်းထု၍ အရည်ကျိုသောက်သင့်သည်။ ဆီးကိုလည်း ရွှင်စေသည်။ လက်တွင် အဆိပ်ရှိသော ငါးအရိုးစူးမိခြင်း၊ အခြားအဆိပ်ရှိသောကုန်းနေ/ရေနေ အင်းဆက်ပိုးမွှား သတ္တဝါအမျိုးမျိုးတို့ အကိုက်ခံရခြင်း နှင့် မြွေဆိပ်ပြေစေရန်တို့အတွက် သကြားသီးအစေ့ နှင့် အရွက်တို့ကိုထောင်းထု ကာ သတ္တုရည်လိမ်းကျံ ပေးခြင်း ဖြင့် အဆိပ်ပြေစေနိုင်ပါသည်။ သကြာသီးအစေ့ထဲတွင် saponin (ခေါ်)က စီဓာတ် တစ်မျိုး ပါရှိခြင်းကြောင့် ဇီ၀ကမ္မဖြစ်စဉ်ကို ကောင်းကျိုး ပြုပေးနိုင်သဖြင့်၊ အစေ့ကို ညက်ညက်ဝါး၍စားပေး သင့်ပါသည်။ (သို့သော် အလွန်အကြူးစားမိပါက၊ အဆိပ် ဖြစ်စေသော ဘေးထွက် ကျိုးဆိုးရှိနိုင်ကြောင်း နိုင်ငံတကာ ဆေးသိပ္ပံ ပညာရှင်များ က အကြုံပြုထားသဖြင့် သင့်တင့် မျှတရုံသာစားပေးပါ) သကြားသီးထဲတွင် ဗီတာမင်အေ နှင့် ဗီတာမင်ဘီ ဓာတ်ပေါင်းစု အလုံအလောက်ပါရှိကြသဖြင့် အသားအရေ မခန်းခြောက်စေဘဲ  အစိုဓာတ်ကိုထိန်းထားပေး နိုင်ပါ သည်။ သကြားသီးကိုအခြေခံ၍ထုတ်လုပ်ထားသော  မျက်နှာပေါင်းတင် mask ရှမ်ပူနှင့် အလှကုန်ပစ္စည်းတို့ကို ထုတ်လုပ်ရောင်းချလျှက်ရှိကြသည်။                                                           ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ