နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကာကွယ်ဆေး မရပါကလည်း အမေရိကန်နိုင်ငံကို ပြန်လည်ဖွင့်လှစ်မည်ဟု ဒေါ်နယ်ထရမ့် ယတိပြတ်ပြော

မေ ၁၆၊ ဝါရှင်တန်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အမေရိကန်နိုင်ငံကို ပြန်လည်ဖွင့်လှစ်သွားမည်ဟု သမ္မတဒေါ်နယ်ထရမ့်က ကတိပြုခဲ့ပြီး ယခုနှစ်အကုန်တွင် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်ဟု ကြေညာခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးစီမံကိန်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ကမ္ဘာ့ပထမဆုံး နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် ကြိုးပမ်းသည့်(Operation Warp Speed)နှင့် တူညီသည်ဟု ဒေါ်နယ်ထရမ့်က ခိုင်းနှိုင်းခဲ့သည်။

သို့သော် ကာကွယ်ဆေး မထုတ်လုပ်နိုင်ပါကလည်း အမေရိကန်နိုင်ငံသားများအနေဖြင့် ပုံမှန်အတိုင်း ပြန် လည်နေထိုင်လှုပ်ရှားနိုင်မည်ဟု ဒေါ်နယ်ထရမ့်က ပြတ်ပြတ်သားသား ပြောခဲ့သည်။ သို့သော် တစ်နှစ်အတွင်း ကာကွယ်ဆေးထုတ်လုပ်နိုင်မည်ဆိုသည့် ရည်မှန်းချက်ကို ကျွမ်းကျင်ပညာရှင်များက သံသယရှိနေသည်။

သုတေသနလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပြီး ခွင့်ပြုချက်ရရှိစေရန်အတွက် အလားအလာရှိသည့် ကာကွယ်ဆေး ၁၄ မျိုးကို လေ့လာမှုများ ပြုလုပ်သွားမည်ဟု ပြီးခဲ့သည့်သောကြာနေ့က အိမ်ဖြူတော်၏ ရို့စ်ဂါးဒင်းတွင် ကျင်းပခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဒေါ်နယ်ထရမ့်က ပြောသည်။

ကာကွယ်ဆေးရှာဖွေ၊ ဖြန့်ဖြူးရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့ကြား ပူးပေါင်းဆောင်ရွက်သည့် စစ်ဆင်ရေးကို ဦးဆောင်ရန် စစ်ဗိုလ်ချုပ်တစ်ဦးနှင့် ကျန်းမာရေးအမှုဆောင်အရာရှိဟောင်းတစ်ဦးကို ဒေါ်နယ်ထရမ့်က ရွေးချယ်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ ဒသမ ၄ သန်းကျော်ရှိနေပြီး သေဆုံးသူ ၈၈၀၀၀ ကျော် ရှိနေသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ