နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒီမိုကရေစီဆန္ဒပြပွဲများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဟောင်ကောင်ရဲတပ်ဖွဲ့ အပြစ်မရှိဟု ရဲတပ်ဖွဲ့စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြ

မေ ၁၆၊ ဟောင်ကောင်

ပြီးခဲ့သည့်နှစ်က ဒီမိုကရေစီဆန္ဒပြပွဲများကို ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်၍ ဟောင်ကောင်မြို့ ရဲတပ်ဖွဲ့စောင့်ကြည့်ရေးအဖွဲ့က အရာရှိများကို အပြစ်မရှိကြောင်း ကြေညာခဲ့သည်။ ရဲအရာရှိများအနေဖြင့် လမ်းညွှန်ချက်ဘောင်အတွင်းမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုမှုကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းခဲ့သည်။ ဆန္ဒပြသူများက ယင်းတို့ အမှားများ ဥပေက္ခာပြုပြီး ရဲတပ်ဖွဲ့က ရက်ရက်စက်စက် တုံ့ပြန်ခဲ့သည်ဟု စောဒကတက်နေခြင်းဟု အဆိုပါအစီရင်ခံစာတွင် ဝေဖန်ထားသည်။

ရဲတပ်ဖွဲ့ စောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာကို ဟောင်ကောင်မြို့ခေါင်းဆောင် ကာရီလမ်က ကြိုဆိုခဲ့သည်။ သို့သော် အတိုက်အခံနိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေးအဖွဲ့များက အဆိုပါအစီရင်ခံစာကို ပယ်ချခဲ့ပြီး ပြစ်မှုများကို ဖုံးကွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဟောင်ကောင်မြို့မှ သံသယရှိသူများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးအပ်မည့် အစီအစဉ်ကို ဆန့်ကျင်ရာမှတစ်ဆင့် ပြီးခဲ့သည့်ဇွန်လက စတင်ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြပွဲများမှာ နောက်ပိုင်းတွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာစေရန် ဦးတည်တောင်းဆိုခဲ့ကြသည်။ ရဲတပ်ဖွဲ့နှင့် တက်ကြွလှုပ်ရှားသူများကြား ရုန်းရင်းဆန်ခတ်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး ရဲတပ်ဖွဲ့က ကျည်အစစ်များဖြင့် ပစ်ခတ်ခဲ့ကာ ဆန္ဒပြသူများကလည်း မီးလောင်ဗုံးများပစ်သွင်းခြင်း၊ ရိုက်နှက်ခြင်းများ လုပ်ခဲ့သည်။

ဇူလိုင်လ ၂၁ ရက်က ယိုအန်လောင်းခရိုင် ဘူတာရုံကို လူတစ်စု ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်တွင် ရဲတပ်ဖွဲ့က ဒုစရိုက်ဂိုဏ်းသားများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် သက်သေအထောက်အထားမတွေ့ရကြောင်း Independent Police Complaints Council (IPCC)၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရဲတပ်ဖွဲ့က ဥပေက္ခာပြုထားခြင်းကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရာဇဝတ်သားများက ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း အတိုက်အခံ လွှတ်တော်အမတ်များက ပြောသည်။ ဟောင်ကောင်မြို့တွင် ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ချိန်အတွင်း ဆန္ဒပြသူ ၈၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ