နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားရေးစိတ်ဓာတ် ထိန်းသိမ်းစောင့်ရှောက်

ဧပြီ ၁၅
ကျွန်ုပ်တို့ မြန်မာလူမျိုးများသည် ရှေးပဝီသဏီကပင်  ကိုယ့်ထီး၊ ကိုယ်နန်း၊ ကိုယ့်ကြငှာန်းနှင့် နေထိုင်လာ ကြပြီး ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိခဲ့သည်။ မြန်မာတို့ အစဉ်အလာအရ ဝတ်စားဆင်ယင် ပြောဆိုကျင့်ကြံ နေ ထိုင်မှုအားလုံးသည် မြန်မာမှု မြန်မာယဉ်ကျေးမှုပင် ဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာလူမျိုးတို့သည် ရေ၊ မြေ၊ တော၊ တောင် မတူသောကြောင့် တိုင်းရင်းသားလူမျိုးတစ်ခုစီ၏ ရိုးရာဓလေ့ထုံးစံမှာ အနည်းငယ်ခြားနားမှုရှိသော် လည်း တစ်အုံထုံ့ဆင်း ညီအစ်ကိုမောင်နှမများဖြစ်၍ အမျိုးသားယဉ်ကျေးမှု အတူတူပင်ဖြစ်သည်။ ယဉ်ကျေးမှု ဟုဆိုလျှင် စား၊ ဝတ်၊ နေ၊ရေး အရေးသုံးပါးမှအစ စာပေ၊ ဘာသာစကား၊ အနုပညာစသည်တိူ့ အကျုံးဝင်ပါသည်။ ထိုယဉ်ကျေးမှုဟူသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီနိုင်ပါ။ ရာသီဥတုအခြေအနေ၊ ပထဝီအနေအထားအရ ပြောင်းလဲတတ်သည့် သဘောရှိသည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးတည်တံ့ရေးသည် ယဉ်ကျေးမှုဟူသော မဏ္ဍိုင်တွင် များစွာ မူတည်သည်။
မြန်မာလူမျိုးများတွင်  ထူးခြားမွန်မြတ်သော  ရိုးရာယဉ်ကျေးမှုများစွာ ရှိသည်။ မြန်မာတို့သည် ယဉ်ကျေးကြသည်။ သိမ်မွေ့ကြသည်။ ဘာသာတရားကိုင်းရှိုင်းကြသည်။ သူတစ်ပါးအပေါ် တွင် စေတနာထားသည်။ ကူညီတတ်ကြသည်။ အားနာတတ်ကြသည်။ အသိဉာဏ်ပိုင်းဆိုင်ရာတွင် ဗုဒ္ဓတရား ကို အခြေခံတည်ဆောက်ခဲ့သောကြောင့် လောကပါလတရားများ၊ ဗြဟ္မစိုရ်တရားများ ထွန်းကားသော နိုင်ငံ ဖြစ် သည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို အဆိုပါနိုင်ငံနှင့် လူမျိုးတို့၏ အမျိုးသားရေး စိတ်ဓာတ်ပြည့်ဝသော ယဉ်ကျေးမှုဖြင့် အကဲဖြတ်နိုင်သည်။ မြန်မာတို့၏ ယဉ်ကျေးမှုသည် အစဉ်အလာကြီးမား သကဲ့သို့ ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းခဲ့ကြသည်။ ယဉ်ကျေးမှု ကွယ်ပျောက်လျှင် လူမျိုးလာ်း ပျောက်မည် ဟု မြန်မာတို့က ခံယူကြသည်။ မြန်မာနိုင်ငံတွင် ကိုယ်ကျင့်သိက္ခာ စာရိတ္တယိုယွင်းမှုဒဏ်ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သူများသည်ပင် မေတ္တာ တရားများ၊ ဗြဟ္မစိုရ်တရားများ၊ လောကကျင့်ဝတ်များ၊ လောကနီတိများ ခေါင်းပါးလာကြသည်ကို တွေ့ရမည် ဖြစ်သည်။ မိစ္ဆာဒိဌိဝါဒသမားတို့၏ အမူအကျင့်များအတိုင်း ကျင့်ကြံလာကြသည်ကို ယနေ့တွေ့မြင်နေရသည်။  မိစ္ဆာဒိဌိဝါဒအရ အကျိုးရမည်ဆိုလျှင်ဘာကိုပဲလုပ်ရလုပ်ရ လုပ်ကြမည်သာဖြစ်သည်။ အကြောင်းမှန်၊ မမှန် အကျိုးနှင့် တိုင်းတာကြသည်။ လိုအပ်သော အကျိုးရနိုင်လျှင် အကြောင်းမှန်သာ ဖြစ်သည်ဟု တရားသေ မှတ် ထားကြ၏။
ယနေ့ကာလတွင်လည်း နိုင်ငံရေးသမားအချို့သည် မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်၍ မျိုး ဆက်သစ်လူငယ်ထုကို အာဃာတအမုန်းတရားများကို မျိုးစေ့ကြဲ သွေးထိုးလှုံ့ဆော်နေကသည်။ ဂိုဏ်းဂဏ စိတ်ကို အခြေခံသော ထိုအာဃာတအမုန်းတရားများကို မျိုးဆက် အဆက်ဆက်ထံ လွှဲပြောင်းဆက်ခံစေခဲ့သည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်  နယ်ချဲ့လက်အောက်၌ နှစ်ပေါင်း ၁၂၃ နှစ်တိုင် ခါးသီးစွာ နေထိုင်ခဲ့ရသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လုံးဝလွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အဖြစ် ပြန်လည်ရယူနိုင်ခဲ့သည်။ လွတ်လပ်ရေးရရှိရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက် နိုင်ခြင်း၊ လွတ်လပ်သောနိုင်ငံအဖြစ် ပြန်လည်ရရှိလိုသော အမျိုးသားရေးမာန်တိုးပွားလာခြင်း၊ မျိုးချစ်စိတ်ရှိ သော မြန်မာလူငယ်လူရွယ်များ၏ စည်းလုံးညီညွတ်မှု စွမ်းအားကြောင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ စည်းလုံးညီညွတ်သော နိုင်ငံများတွင် ငြိမ်းချမ်းသာယာဝပြောလျက်ရှိသည်ကို ကမ္ဘာအနှံ့တွေ့မြင်နေရပြီး နိုင်ငံတော်ပြိုကွဲအောင် ဆူပူလှုပ်ရှားပြီး အမျက်အမှောင့်လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ အမာရွတ်အနာဟောင်း ကို ပြန်လည်တူးဆွ၍ မြန်မာ့အနာဂတ်ကို အဆိပ်ခပ်မြဲ၊ ခပ်နေကြသူများကို အမျိုးသားအသိစိတ်ဓာတ်ကို အခြေခံကာ ဝိုင်းဝန်းကာကွယ်ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ