နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာအသင်းနှင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုမရှိကြောင်း အတည်ပြုလိုက်သည့် ဒမ်ဘီလီ

ဧပြီ ၁၅

ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီက အသင်းနှင့် စာချုပ်သစ်အတွက် ဆွေးနွေးမှုမရှိကြောင်း အတည်ပြုပြော ကြားခဲ့သည်။ အသက် (၂၃)နှစ်အရွယ်ရှိ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီသည် ဘာစီလိုနာအသင်းနှင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ယခုရာသီတွင် ခြေစွမ်းပြနေသည့် ဒမ်ဘီလီအား စာချုပ်သစ် ချုပ်ဆိုရန် အလိုရှိသည်ဟု ပြောဆိုထားသော်လည်း စာချုပ်သစ်အတွက် ဆွေးနွေးမှုမရှိသေးကြောင်း ဒမ်ဘီလီက ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒမ်ဘီလီက "စာချုပ်သစ် အတွက် အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ အားလုံးအဆင်ပြေပါတယ်"ဟု BeIN Sports သို့ ပြောကြားခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဒေါ့မွန်အသင်းမှ ဘာစီလိုနာအသင်းသို့ ယူရို (၁၀၅)သန်းဖြင့် ပြောင်းရွှေ့လာသည့် ဒမ်ဘီလီသည် ဘာစီလိုနာအသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်ခဲ့ရသော်လည်း ယခုရာသီ တွင် ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၃၇)ပွဲတွင် (၁၀)ဂိုး သွင်းယူထားသူဖြစ်သည်။
                                                                        
(SO)






အခြားဆက်စပ်သတင်းများ