နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာပေမှာ ကိုင်တွယ်ရအလွယ်ကူဆုံးကစားသမားဖြစ်ကြောင်း ပိုချက်တီနိုပြော

ဧပြီ ၁၅

PSG အသင်းနည်းပြ ပိုချက်တီနိုက အသင်းတိုက်စစ်မှူး ဘာပေကို ကိုင်တွယ်ရအလွယ်ကူဆုံးကစားသမားဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုသည် ဟာရီကိန်း၊ အဲရစ်ဆင်၊ လိုရစ်၊ ဒီမာရီယာ၊ နေမာ၊ ဘာပေ စသည့် ကိုင်တွယ်ကစားသမားများကို ကိုင်တွယ်ဖူးသူဖြစ်သော်လည်း ပိုချက်တီနိုက ဘာပေမှာ မိမိကိုင်တွယ် ဖူးသမျှ ထိပ်တန်းကစားသမားများထဲတွင်  လက်တွဲရအလွယ်ကူဆုံးကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပိုချက်တီနိုက "ဘာပေနဲ့ လက်တွဲပြီး အလုပ်လုပ်ရတာ အရမ်းကိုလွယ်ပါတယ်။ သူဟာ အသက် (၂၂)နှစ်သာ ရှိသေးပေမဲ့ ရင့်ကျက်သူဖြစ်ပြီး အလုပ်လုပ်ဖို့၊ ကစားဖို့နဲ့ ဂိုးတွေ သွင်းဖို့ပဲ အာရုံစိုက်ထားသူပါ။ ပြီးတော့ ဘာပေက စပိန်လိုရော၊ အင်္ဂလိပ်လိုပါ ကျွမ်းကျွမ်း ကျင်ကျင်ပြောတတ်တာကြောင့် ဆက်သွယ်ရတာလည်း အရမ်းကိုလွယ်ကူပါတယ်။ သူဟာ အလုပ်လုပ်လို့ အရမ်းအဆင်ပြေသလို၊ ကိုယ်ကိုယ့်ကို နှိမ့်ချတတ်ပြီး ချစ်စရာကောင်းတဲ့သူမျိုးပါ။ ဘာပေလို ကစားသမားမျိုးကို ဘယ်သူမှ မချစ်ဘဲ မနေနိုင်ပါဘူး။ ကျွန်တော့်ရဲ့ နည်းပြဘဝသက်တမ်းတစ် လျှောက်မှာ တော့ သူဟာ ကိုင်တွယ်ရအလွယ်ကူဆုံးကစားသမားပါပဲ"ဟု ပြောကြားခဲ့သည်။
အသက် (၂၂)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ၂၀၂၂ ခုနှစ်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာမည်ဟု သတင်းများထွက်ပေါ် လျက်ရှိနေသည်။

(SO)






အခြားဆက်စပ်သတင်းများ