နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေါ့မွန်အမှုဆောင်ချုပ်က အသင်းကစားသမားများကို လျှော့စျေးဖြင့် ရောင်းမည်မဟုတ်

ဧပြီ ၁၅

ဒေါ့မွန်အသင်း၏အမှုဆောင်ချုပ်ဖြစ်သူ ဝေါ့ဇ်ကီက လာမည့်နွေရာသီတွင် အသင်းကစားသမားများကို လျှော့စျေးဖြင့် ရောင်းမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဒေါ့မွန်အသင်းသည် ဘွန်ဒစ်လီဂါပွဲစဉ် (၂၈)အပြီးတွင် ရမှတ် (၄၆) မှတ်ဖြင့် အဆင့်(၅)နေရာ၌ ရပ်တည်နေပြီး အဆင့်(၄)နေရာမှ မိုချန်ဂလာဘတ်(၅၃ မှတ်)နှင့် (၇)မှတ်အထိ ကွာဟ နေသည့်အတွက်ကြောင့် ဒေါ့မွန်အသင်းအနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်နှင့်လွဲချော်မည့်အခြေအနေမျိုး ကြုံတွေ့နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့်သာ လွဲချော်ခဲ့မည်ဆိုပါက ဟော်လန်း၊ ဆန်ချိုတို့မှာ အသင်းမှ ထွက်ခွာဖွယ်ရှိ နေကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသော်လည်း ဝေါ့ဇ်ကီက ဟော်လန်းနှင့် ဆန်ချိုတို့ကို အသင်းတွင် ဆက် ထိန်းရန် ဆန္ဒရှိနေပြီး မဖြစ်မနေရောင်းချရမည်ဆိုပါက ထိုက်တန်သည့်ကြေးဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါ့မွန်အသင်း၏ နာမည်ကျော်လူငယ်ကစားသမားများဖြစ်သည့် ဆန်ချိုနှင့် ဟော်လန်းတို့ကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြကြောင်း သိရသည်။                                                   

 (SO)






အခြားဆက်စပ်သတင်းများ