နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံ၏ COVID-19 တုံ့ပြန်လှုပ်ရှားရေးအတွက် ကမ္ဘာ့ဘဏ်က ချေးငွေ ကန်ဒေါ်လာတစ်ဘီလျံ ချထားပေး

မေ ၁၆၊ နယူးဒေလီ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရသည့် ဆင်းရဲနွမ်းပါးသူများကို လူမှု အထောက်အပံ့ ပေးအပ်ရန် ကြိုးပမ်းနေသည့် အိန္ဒိယနိုင်ငံကို ကမ္ဘာ့ဘဏ်က ချေးငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံချထားပေးရန် အတည်ပြုခဲ့သည်။

ချေးငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံအနက် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကို ကမ္ဘာ့ဘဏ်၏ ချေးငွေအဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအစည်းအရုံး(IDA)က ချေးပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတကာဘဏ်(IBRD)က ချေးပေးမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်၏ ချေးငွေကို ၁၈ နှစ်ခွဲအတွင်း ပြန်ဆပ်ရမည်ဖြစ်ပြီး သတ်မှတ်ချိန်အတွင်း မဆပ်နိုင်ပါက နောက်ထပ်ငါးနှစ် အချိန်ယူခွင့်ရှိသည်ဟု ဆိုသည်။
ပြီးခဲ့သည့်လကလည်း အိန္ဒိယနိုင်ငံ၏ကျန်းမာရေးကဏ္ဍကို ပံ့ပိုးပေးရန်အတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံ ချထားပေးမည်ဟု ကမ္ဘာ့ဘဏ်က ကြေညာခဲ့သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံ၏ COVID-19 အရေးပေါ်တုံ့ပြန်လှုပ်ရှားရေးအတွက် ကမ္ဘာ့ဘဏ်က စုစုပေါင်း ပေးအပ်သည့်ချေးငွေမှာ အမေရိကန်ဒေါ်လာ ၂ ဘီလျံအထိ ရှိလာခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ