နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်ခရိုင်အတွင်းရှိ ဟွေယုန်းကျေးရွာတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည်

တာချီလိတ် ဧပြီ  ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ ဟွေယုန်းကျေးရွာတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀ဝ၀ ကျော်တွင် တည်ရှိသော အဆိုပါ ဟွေယုန်းကျေးရွာတွင် အာခါတိုင်းရင်းသားတို့၏ ရိုးရာယဉ် ကျေးမှု ဓလေ့စရိုက်များကို လေ့လာနိုင်မည့် လူထုအခြေပြုခရီးသွား လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ နိုင်ငံတစ်ဝန်းတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ခရီးသွားများ အပန်းဖြေအနားယူ လေ့လာလည်ပတ်စရာ ခရီးစဉ်ဒေသများ ဖော်ဆောင်ပေးလျက်ရှိပြီး အလားတူ ရှမ်းပြည်နယ်အတွင်း၌လည်း ဟွေယုန်းကျေးရွာ အပါအဝင် ကျေးရွာ ၁၂ ရွာကို ခရီးစဉ်ဒေသများအဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လူထုအခြေပြုခရီးသွားလုပ်ငန်းများသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရုံသာမက ဒေသခံ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကိုလည်း ပြည်တွင်းပြည်ပမှ ခရီးသွားများလေ့လာသိရှိနိုင်စေရန် ထုတ်ဖော်ပြသခွင့် ရရှိစေကြောင်း သိရသည်။                                                                                        

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ