နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်မကြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၂ ခုကို ယခု ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အပြီးဆောင်ရွက်သွားမည်

မန္တလေး၊ ဧပြီ ၁၅

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်မကြီးဘေး ကမ်းစပ်များတွင် လုပ်ဆောင်နေသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၂ ခုကို ယခု ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ လာမည့်ဇွန်လ တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြစ်မကြီးများအား ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြစ်မကြီးအတွင်းပိုင်း လုပ်ဆောင် သောလုပ်ငန်းနှင့် မြစ်မကြီးဘေး ကမ်းစပ်များတွင် လုပ်ဆောင်သောလုပ်ငန်းဟူ၍ လုပ်ငန်း ၂ မျိုး ခွဲခြားထားကြောင်း သိရသည်။

ယခု မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁၂ ခုကို သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ၊ ပုသိမ်ကြီး၊ အမရပူရ၊ ငါန်းဇွန်၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ ညောင်ဦး၊ စဉ့်ကိုင်နှင့် မြစ်သား စသည့်မြို့နယ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ယခုဘဏ္ဍာနှစ်အတွင်း အဆိုပါ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ အပြင် ဧရာဝတီမြစ်ရေလမ်းကြောင်း ကောင်းမွန် ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကလည်း မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ်သန်း ၅၃၀ဝ ကျော် သုံးစွဲပြီး ကျေးရွာပေါင်း ၂၀ တွင် ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့် မြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ