နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မပွင့်ဖြူမြို့နယ်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များထိခိုက်ပျက်စီး

ပွင့်ဖြူ  ဧပြီ  ၁၅

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဧပြီ ၁၄ ရက် ၊ ညနေ ၅ နာရီမိနစ် ၂၀ အချိန်ခန့်က ရုတ်တရက် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ (၆)ရွာတွင် လူနေအိမ် များ အမိုးလန်ပျက်စီးခြင်းနှင့် ပြိုလဲ ပျက်စီး ခြင်းများဖြစ်ပွားခဲ့ကြောင်းပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဧပြီ ၁၄ ရက် ညနေပိုင်းက မိုးရွာသွန်းခြင်းနှင့် အတူလေပြင်းတိုက်ခတ်မှု ဖြစ်ပွား ခဲ့သဖြင့် ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာတွင် လူနေအိမ်(၁)လုံးအမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၁)လုံးပြိုလဲပျက်စီးခြင်း ၊ ကုလားဟောင်းကျေးရွာတွင် လူနေအိမ်(၂၈)လုံးအမိုးလန်ပျက်စီးခြင်း ၊ အနောက် လေးအိမ်ကျေးရွာတွင် လူနေအိမ် (၂၅)လုံးအမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၄)လုံးပြိုလဲပျက်စီးခြင်း၊ ဖလံကျင်းကျေးရွာတွင် လူနေအိမ်(၇)လုံးအမိုးလန် ပျက်စီးခြင်းနှင့် လူနေအိမ်(၂)လုံးပြိုလဲပျက်စီးခြင်း၊ ကြူဝန်းကျေးရွာတွင် လူနေအိမ်(၉)လုံးအမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၁)လုံးပြိုလဲပျက်စီးခြင်း ၊ နဘဲ ကုန်းကျေးရွာတွင် လူနေအိမ်(၁၄)လုံးအမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၁)လုံး ပြိုလဲပျက်စီးခြင်းများ           ဖြစ်ပွားခဲ့ရာ စုစုပေါင်း လူနေအိမ်(၈၄)လုံးအမိုးလန်ပျက်စီးခဲ့ပြီးလူနေအိမ်(၉)လုံး ပြိုလဲပျက်စီးမှုဖြစ်ပွားခဲ့ ကြောင်း  သိရသည်။

အလားတူ ဧပြီ ၁၃ ရက်တွင်လည်းမိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ကျေးရွာတွင် လူနေအိမ်(၄၅)လုံးအမိုးလန်ပျက်စီးခြင်း ၊ လူနေအိမ်(၇)လုံးပြိုလဲခြင်းနှင့် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းအမိုးလန်ပျက်စီးခြင်း ၊ ရွှေလှေကျေးရွာတွင် လူနေအိမ်(၃)လုံးအမိုးလန်ပျက်စီးခြင်း ၊ မင်းမြေကျေးရွာတွင် လူနေအိမ်(၇)လုံးအမိုးလန်ပျက်စီးခြင်းနှင့် ဘုန်းတော်ကြီးကျောင်း(၁) ကျောင်းအမိုးလန်ပျက်စီးခြင်း ၊ အရှေ့လေးအိမ် ကျေးရွာတွင် လူနေအိမ်(၈)လုံးအမိုးလန်ပျက်စီးခြင်း ၊ ပေတောကျေးရွာတွင် လူနေအိမ်(၂၇)လုံးအမိုးလန်ပျက်စီးခြင်း ၊ လူနေအိမ်(၃)လုံးပြိုလဲပျက်စီးခြင်းနှင့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းအမိုးလန်ပျက်စီးခြင်း ၊ အနောက်ကိုင်းကျေးရွာတွင် လူနေအိမ်(၅၄)လုံးအမိုးလန်ပျက်စီးခြင်းနှင့် လူနေအိမ်(၁)လုံးပြိုလဲပျက်စီးခြင်း ၊ ညောင်ခြုံကျေးရွာတွင် လူနေအိမ် (၁)လုံးပြိုလဲပျက်စီးခြင်း ၊ သရက်တောကျေးရွာတွင် လူနေအိမ်(၂၃၂)လုံးအမိုးလန်ပျက်စီးခြင်း ၊ လူနေအိမ်(၂၂)လုံးပြိုလဲပျက်စီးခြင်းနှင့် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းအမိုးလန်ပျက်စီးခြင်းများဖြစ်ပွားခဲ့ ကြောင်းသိရသည်။

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းဆောင်များနှင့်  လူနေအိမ်များကိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ကျေးရွာနေပြည်သူများက လိုအပ်သည် များဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ထောက်ပံ့မှုများရရှိနိုင်ရေးအတွက် တာဝန်ရှိ သူများကစီစဉ် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။                                              

ရဲဝင်းနိုင် ( ညောင်ဦး )






အခြားဆက်စပ်သတင်းများ