နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူပေါင်းဆံ့သော ဟောပြောတင်ပြမှုများ

ဧပြီ   ၁၅

အောင်မြင်ထိရောက်တဲ့ ဟောပြောမှု၊ ဘာသာရပ်နယ်ပယ်၊ လူ့အဖွဲ့အစည်း၊ အသိုင်းအဝိုင်း၊ မီဒီယာ နယ်ပယ်တို့ဟာ ရှောင်လွှဲမရနိုင်ပါဘူး။ (၂၁)ရာစုဟာ ဆက်သွယ်ရေးနဲ့သတင်းအချက်အလက်များ ခေတ်ဖြစ် တယ်။ လူ့အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းအတွင်း နေထိုင်နေသမျှ၊ လူတစ်ဦးချင်း၊ အသင်းအဖွဲ့ချင်းထိရောက် တဲ့ ဟောပြောမှုလိုအပ်ပါတယ်။ သည့်ထက်မက တိုးတက်လာတဲ့ခေတ်မှာ တက္ကသိုလ်ပညာရေး၊ အသက် မွေးဝမ်းကျောင်းပညာရေးတို့လည်း မုချလိုအပ်လာနေတယ်။ သင်တန်းတွေမှာ သင်တန်းနည်းပြတွေပုံစံအဖွဲ့ အမျိုးမျိုးရှိနေပြီးပဲ ဖြစ်တယ်။

အစီအစဉ်၊ ရည်ရွယ်ချက်၊ နေရာထိုင်ခင်းနဲ့ ကိရိယာများ၊ အချိန်ကိုက်ခြင်း၊ ပြသမှု၊ ပါဝင်မှုနှင့် တင်ပြမှုပုံစံ တို့လိုအပ်ပါတယ်။ တင်ပြမှုတစ်ခုပြုလုပ်ဖို့ ပြင်ဆင်ရာမှာ တင်ပြချက်ကို(ရည်ရွယ်ချက်)ကို စဉ်းစား ဆုံးဖြတ်ရာမှာပဲဖြစ်တယ်။ ရည်ရွယ်ချက်ကိုရရှိရင် ရည်ရွယ်ချက်ကိုရောက်ရှိအောင် တင်ပြမှုအစီစဉ်ကို အသေး စိတ်ရေးဆွဲနိုင်ပြီပဲဖြစ်တယ်။ ရှင်းလင်းပြတ်သားတဲ့ရည်ရွယ်ချက်ရှိခြင်းက ဘယ်အကြောင်းအရာကို ဆွေးနွေးတင်ပြမယ် ဘယ်လိုဟောပြောတင်ပြမယ်ကို ပြင်ဆင်ဆောင်ရွက်ရာမှာ အထောက်အထားဖြစ်စေ ပါတယ်။
တင်ပြချက်တစ်ခုခုပြုလုပ်တဲ့အခါ တက်ရောက်မယ့်ပရိသတ်အကြောင်းကို ကြိုတင်သိရှိအောင်လေ့လာ ထားသင့်ပါတယ်။ တင်ပြဆွေးနွေးသူရဲ့ တင်ပြမှုပုံစံ၊ အသံ‌နေအသံထား၊ ရုပ်ဆင်းအမူအရာဟန်ပန်၊ ပညာရပ် ဆိုင်ရာအကြောင်းအရာများဟာ တက်ရောက်မယ့် ပရိတ်သတ်အမျိုးအစားပေါ်မှာတည်မှီနေပါတယ်။

ပရိသတ်စုဖွဲ့မှုအရွယ်အစားဟာ ထည့်သွင်းစဉ်းစားရမယ့်အခြေနေပဲဖြစ်တယ်။ ပရိတ်သတ်အများအပြား စီတန်းထိုင်နေရင် ခမ်းနားထည်ဝါတဲ့တင်ပြမှုပုံစံနဲ့ ဟောပြောတင်ပြဖို့ မဖြစ်မနေလိုပါတယ်။ ပရိသတ်အနည်း အကျဉ်းသာ စားပွဲဝိုင်းပတ်လည်မှာထိုင်နေရင် အခမ်းအနားမဟုတ်ဘဲ သက်သောင့်သက်သာတင်ပြမှုပြုလုပ် ရာမှာ ရင်းနှီးပြီးဖြစ်တဲ့မိတ်ဆွေများ၊ တင်ပြတဲ့ပုံစံထက်ပိုမိုခမ်းနားထည်ဝါမှုရှိစေဖို့ မဖြစ်မနေလိုအပ်ပါတယ်။
ပရိသတ်ကို တူညီတဲ့အဖွဲ့တစ်ခုအဖြစ် မသတ်မှတ်ဘဲ တစ်ဦးတစ်ယောက်ချင်းစီပါတဲ့ အစုအဖွဲ့ တစ်ခုအဖြစ် မှတ်ယူသင့်ပါတယ်။ ပရိသတ်မှ ကိုယ့်အပေါ်နှစ်သက်သဘောကျပါက ဟောကြားပို့ချတင်ပြ မယ့်အကြောင်းအရာကို နားထောင်ဖို့ ပိုမိုစိတ်အားထက်သန်မှာဖြစ်ပြီး သူ့ရဲ့အယူအဆတင်ပြချက်များနဲ့ သဘောထားကိုက်ညီမှု ပိုမိုရရှိလာမယ်ဖြစ်တယ်။ ပရိသတ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်တည်ဖို့ အတွက် သတိပြုသင့်ပါတယ်။
(က)    ယဉ်ကျေးမှုအနေနဲ့ တက်ရောက်လာတဲ့ပရိသတ်ဟာ မတူညီတဲ့ယဉ်ကျေးမှုနောက်ခံ၊ လူတန်းစား အလွှာအသီးသီး၊ ပညာရေးနောက်ခံအမျိုးမျိုးမှ လာရောက်ခြင်းဖြစ်ကာ သတိပြုသင့်တယ်။ ဟောပြောရာကို ရောက်ရှိနေတဲ့လူနဲ့ ပတ်ဝန်းကျင်ကိုကြည့်သင့်တယ်။ ကျေးလက်ရပ်ကွက်အတွင်း ဟောပြောမယ့်စကား အသုံးအနှုန်းနဲ့ ပညာတတ်တို့ကြားမှာ ပြောဆိုရမယ့်အခြေအနေမတူညီနိုင်ပါဘူး။

(ခ)    ဘာသာစကား။ ဟောပြောတင်ပြရာမှာ အသုံးပြုတဲ့ဘာသာစကားမှာ အများဆုံးဖြစ်ဖို့လိုတယ်။ ဟောပြောတင်ပြရမှ ပုံမှန်ထက်အနည်းငယ်နှေးကာ ပြောဆိုဖို့လိုအပ်ပါတယ်။ အရပ်သုံးဗန်းစကားများအသုံး ပြု ပြောဆိုခြင်းကိုရှောင်ကြဉ်ကာ ရိုးရိုးရှင်းရှင်းပြောဆိုခြင်းက ဘယ်အကြောင်းအရာကိုဆိုလိုကြောင်း ပရိသတ် နားလည်သဘောပေါက်စေသင့်ပါတယ်။ ပရိသတ်ကိုးကားနိုင်ဖို့ မှတ်စုတို၊ လက်ကမ်းကြော်ငြာများ ဖြန့်ဝေပေးနိုင်ပါတယ်။

(ဂ)    ပရိသတ်ယုံကြည်မှုကို လှုံ့ဆော်ခြင်း၊ တင်ပြချက်တစ်ခု၊ ဟောပြောတင်ပြနေစဉ်၊ ပရိသတ် အနေနဲ့ ဟောပြောနေတဲ့အကြောင်းအရာအပေါ် ယုံကြည်မှုမရှိခြင်းဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဟောပြော တင်ပြသူတစ်ဦးအနေနဲ့ ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ ဟောပြောတင်ပြသူအနေနဲ့ ပရိသတ်ဖက်မှယုံကြည် မှုရနိုင်တယ်။
    (၁)    ကိုယ်တင်ပြမယ့်အကြောင်းအရာ(ဘာသာရပ်)ကိုအထူးပိုင်နိုင်စွာသိရှိနေသင့်ပါတယ်။
    (၂) အပြုသဘောဆောင်တဲ့စိတ်နဲ့သဘောထားရှိရပါမယ်။
    (၃) အသံကိုရှင်းလင်းပြတ်သားကြည်လင်စွာပြောဆိုရပါမယ်။
    (၄)    ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရပါမယ်။
ဟောပြောတင်ပြမှုဟာ အဖြစ်နိုင်ဆုံး၊ အဆင်ပြေချောမွေ့မှုရှိစေဖို့အတွက် ဟောပြောမယ့်နေရာကိုအရင် ရောက်ဖို့လိုအပ်ပြီး၊ နေရာအကျယ်အဝန်း၊ နေရာချထားမှုအစီစဉ်များ၊ ရရှိနိုင်တဲ့အထောက်အကူပစ္စည်းများအသင့်ဖြစ်မှုရှိ၊ မရှိကိုရင်းနှီးကျွမ်းဝင်မှုရှိဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ပရိသတ်အရေအတွက် ဘယ်လောက်ရှိသလဲ။ ပရိသတ်အင်အားနဲ့ ခန်းမအချိုးစားတို့စဉ်းစားသင့်ပါတယ်။

ဟောပြောတင်ပြမှုတစ်ခုအတွက် ရရှိနိုင်တဲ့အချိန်ပေါ်မှာမူတည်လို့ တင်ပြမယ့်စကားများကိုစီစဉ်သင့်ပါ တယ်။ တင်ပြမှုပြင်ဆင်တဲ့အခါ ရရှိနိုင်တဲ့အချိန်အတွင်း၊ ကိုယ်ပြောဆိုမယ့်အကြောင်းအရာကို အစအဆုံး အားလုံးပါဝင်နိုင်မှာဖြစ်ပြီး တင်ပြလိုသည်များများပြားနေရင် အဓိကကျတဲ့အချက်များကိုသာ ဦးစားပေးရွေး ချယ်တင်ပြရပါမယ်။ ဟောပြောတင်ပြဖို့ပြင်ဆင်လာမှုဟာ ရရှိတဲ့အချိန်အတွင်း ကိုယ်ပြောဆိုမယ့်အကြောင်း အရာကို အစအဆုံးအားလုံးပါဝင်နိုင်ရမှာဖြစ်ကာ တင်ပြမှုများပြားနေပါကချုံ့သင့်၊ ပယ်သင့်တာပယ်၊ ပိုကောင်းမွန်တဲ့ စကားရပ်နဲ့အစားသုံးသင့်တယ်။ အချိန်ကိုမဖြုန်းသင့်ပါဘူး။ အချိန်ကိုက်ဖြစ်တဲ့ဟောပြောပို့ချ မှုဟာ အထပ်ထပ်အခါခါလေ့ကျင့်ယူရင်းရရှိနိုင်ပါတယ်။

ဟောပြောမှုတစ်ခုပြင်ဆင်ရာမှာ စတင်ပြုလုပ်စဉ်ကထားရှိတဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်မှသွေဖည် မသွားစေဖို့ဂရုပြုသင့်ပါတယ်။ ရည်ရွယ်ချက်ကိုစိတ်မှာစွဲမြဲနေအောင်မှတ်သားထားပြီးမှသာ စဉ်းစားစီစဉ်ဖို့ လိုအပ်ပါတယ်။ တင်ပြမှုတစ်ခုအတွက် အကြောင်းအရာကိုပြင်ဆင်ပြုစုတဲ့အခါမှာ တင်ပြမှုဘာတွေထည့်မလဲ။ အကြောင်းအရာကို တစ်ဆက်တစပ်လည်းဖြစ်အောင် ဘယ်လိုတည်ဆောက်မလဲ။ အသုံးပြုမယ့်ဘာသာ စကားနဲ့ စကားလုံးဝေါဟာရများ မှတ်စုကိုဘယ်လိုပြင်ဆင်မလဲ၊ ပရိသတ်အနေနဲ့ဟောပြောတင်ပြမှုကို လူစိတ်ဝင်စားအောင် ဘယ်လိုလုပ်မလဲ။

စတာတွေစဉ်စားစီစဉ်သင့်ပါတယ်။ အထောက်အကူပစ္စည်း ကွန်ပျူတာ၊ ဆောင်းဘောက်၊ လက်ပတော့၊ အသံချဲ့စက်၊ ပရိတ်သတ်အင်အားတို့ဟာ ကိုယ်ပြင်ဆင်မှုကိုပံ့ပိုး နေတယ်။
ဟောပြောတင်ပြရမယ့်ပုံစံအပြည့်အစုံမှာ (က)နှုတ်ဆက်ခြင်း၊ မိတ်ဆက်ခြင်း၊ (ခ)ရည်ရွယ်ချက် ကိုရှင်းလင်းခြင်း၊ (ဂ)ဆွေးနွေးမယ့်အစီစဉ်၊ (ဃ)ဆွေးနွေးခြင်း၊ ဆွေးနွေးမှုအပိုင်းရဲ့အချိန်နဲ့ အများဆုံးယူရမဲ့ အပိုင်း (င)သုံးသပ်ခြင်း၊ (စ)နိဂုံးချုပ်ခြင်း၊ (ဆ)အမေး၊ အဖြေပြုလုပ်ခြင်း၊ (ဇ)နှုတ်ဆက်၊ နိဂုံးချုပ်ခြင်း တို့ပါဝင်တယ်။
လူအဖွဲ့အစည်းအတွင်း နေထိုင်သမျှကာလပတ်လည် ဆရာ၊ တပည့်၊ ဟောပြောပို့ချရမှုတွေမဖြစ်မနေ ကြုံတွေ့နေရဦးမှာပဲဖြစ်တယ်။

ရှင်းလင်းတင်ပြမှု(ပို့ချချက်)လုပ်တဲ့အခါ အစီအစဉ်၊ ရည်ရွယ်ချက်များနေရာ ထိုင်ခင်းနဲ့ ကိရိယာများအချိန်ကိုက်ခြင်း၊ ပြသမှု၊ ပါဝင်မှု၊ တင်ပြမှုပုံစံစတဲ့အချက်များကို အသေးစိတ်နားလည် သဘောပေါက်ထားခြင်းက အောင်မြင်တဲ့ ရှင်းလင်းတင်ပြချက်တစ်ခုကို ရေးဆွဲပြင်ဆင်နိုင်မှာဖြစ်တယ်။ တက်ရောက်လာတဲ့ ပရိသတ်ကလည်းလူသားများဖြစ်တယ်။ လူ့ဘဝကို လည်းနားလည်သဘောပေါက်ခံစား ရမယ်။ ရှင်းလင်းတင်ပြမှုတစ်ခုပြုလုပ်နေစဉ်မှာ ကြုံတွေ့နေရတဲ့အခြေအနေကို အကောင်းဆုံးရရှိအောင်             ရှင်းလင်းတင်ပြပို့ချနိုင်မယ့်သူသာ အောင်မြင်မှုရနိုင်မှာပဲဖြစ်တယ်။ သာမန်ဟောပြောနေဖူးတဲ့ဘာသာရေး ပုဂ္ဂိုလ်(ရဟန်းတော်များအပါဝင်)လုပ်နေသူများပင် အတွေ့ကြုံကပြသမှုနဲ့ရှေ့တန်းရောက်လာကြတာ အတု ယူသင့်ပါတယ်။      ။                                     

ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ