နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြည့်မြင်တိုင်ညစျေးအနီး စတားရုပ်ရှင်ရုံ မီးလောင်မှုဖြစ်ပွား

ရန်ကုန်  ဧပြီ   ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မန်းကျည်းတန်းတောင်အရှေ့ရပ်ကွက်၊ ဈေးကြီးလမ်းရှိ စတားရုပ်ရှင်ရုံ မီးလောင်မှုဖြစ်ပွားကြောင်းကို ဧပြီ ၁၅ ရက်၊ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်ခန့်က မြို့နယ် မီးသတ်စခန်းမှသတင်းရရှိခဲ့သည်။ အဆိုပါသတင်းကြောင့် ယာဉ်အုပ်စုများ အဆိုပါမီးလောင်သည့်နေရာသို့ သွားရောက်ခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၈ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့ရာ ရုပ်ရှင်ရုံနှင့်ကပ်လျက်ရှိသည့် ဈေးရုံ အမိုးများနှင့် စားသောက်ကုန်တန်းဘက်မီးစွဲလောင်နေမှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

(KKT)






အခြားဆက်စပ်သတင်းများ