နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖုန်းကြာရှည်စွာပြောသူများ နားထိခိုက်စေနိုင်

ရန်ကုန်  ဧပြီ   ၁၅

ခေတ်မီတိုးတက်လာသည့်အလျောက် ဆန်းပြားသော လျှပ်စစ်ပစ္စည်းများနှင့် လူ့အသုံးအဆောင်ပစ္စည်းများတွင်လည်း တစ်ခုထက်တစ်ခု ပိုမိုကောင်းမွန်လာသည့်အတွက် လူအများကလည်း အသစ်အဆန်းဘက်ကို ဦးစားပေးရွေးချယ်လာကြသည်။ ယခုခေတ်မြို့နေ လူငယ်အများစုဖုန်းကိုင်လာနိုင်ပြီး ဆွေမျိုးသားချင်း၊ ချစ်သူသမီးရည်းစားများနှင့် ဖုန်းပြောသည့်အခါ ပုံမှန်အသံ db (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ်ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြောလျှင်ဖြစ်စေ နားကိုမထိခိုက်နိုင်သော်လည်း ပုံမှန်အသံထက်ကျယ်သော စကားပြောသံနှင့် အချိန်ကြာသောအခါ နားထိခိုက်စေနိုင်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံမှ အထူးကုဆရာဝန်တစ်ဦးက ပြောကြားသည်။

ဖုန်းကို တစ်နေ့လျှင်ခြောက်နာရီနှင့် အထက်ဆက်တိုက်ပြောဆိုပါက ဖုန်းပြောသံတွင်လည်း သတ်မှတ် ထားသော db (decivel) အသံထက်ကျယ်သည့်အခါ နားအူ၍ ထုံတတ်ကြောင်း၊ ပုံမှန်နားထောင်နိုင်စွမ်း ရှိသော အသံနှင့်ပြောလျှင် နားကို မထိခိုက်နိုင်သော်လည်း ကြာရှည်လာချိန်တွင် နားလေးသွားနိုင်ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာဖုန်းပြောတတ်သည့်လူငယ်များ၊ ဖုန်းပြောလျှင် အော်ပြောမှ ကျေနပ်ကြသည့် သက်ကြီးရွယ်အိုများတွင် အသံကျယ်လောင်စွာ ဖုန်းပြောခြင်းမှ ရှောင်ကြဉ်ရန်လိုအပ်ကြောင်း db (decivel) ၁၀၀ နှင့်အထက် ကျော်လျှင် နားလေး၊ နားအူ၊ ထုံတတ်ကာ နားကို လျင်မြန်စွာထိခိုက်မှုဖြစ်စေနိုင်ကြောင်း သိရသည်။

အဆိုပါ နားလေး၊ ထုံထိုင်း ရောဂါမဖြစ်စေရန် ပုံမှန်ပြောနေ db (decivel) ၆၀ နှုန်းဖြင့် နားထောင်ကာ အလေ့အကျင့်လုပ်သင့်ကြောင်း၊ ထို့အပြင် ဖုန်းဖြင့် စကားပြောနေချိန်တွင် တစ်ဖက်မှ နားထောင်နိုင်စွမ်းထက် ကျယ်သောအသံဖြင့်ပြောလျှင် နားအတွင်းပိုင်းရှိ အာရုံခံဆဲလ်များကိုထိကာ ထုံထိုင်းတတ်ကြောင်း၊ ထိုသို့ ဖြစ်လာလျှင် တိတ်ဆိတ်ငြိမ်သက်သော နေရာများတွင် တစ်ရက်မှနှစ်ရက်အထိ အနားယူသင့်ကြောင်း၊ မသက်သာလျှင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်များနှင့် အမြန်ဆုံးပြသကာ ကုသမှုခံယူရမည်ဖြစ်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆေးရုံကြီးမှ ညွှန်ကြားထားသည်။

(WP)






အခြားဆက်စပ်သတင်းများ